"ကမ္ဘာ့အနားက ဖြတ်သန်းသွားမယ့် ဥက္ကာခဲပျံ"
မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ 2025 QD8 လို့ အမည်ပေးထားတဲ့ ဥက္ကာခဲပျံတစ်စင်းဟာ ကမ္ဘာ့ရဲ့အနားကနေ လာမယ့် စက်တင်ဘာ ၃ရက်နေ့မှာ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
ဒီဥက္ကာခဲပျံကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာမှ အီတလီနိုင်ငံ အခြေစိုက် Virtual telescope network မှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ အရွယ်အစားဟာ လေယာဉ်ပျံငယ် တစ်စီးစာခန့်သာရှိပါတယ်။
စတင်တွေ့ရှိခဲ့ချိန်မှာတော့ သူဟာ ကမ္ဘာနဲ့ မိုင် ၂.၅ သန်းခန့်အကွာမှာရှိနေခဲ့ပါတယ်။
ကနဦးတွက်ချက်မှုတွေအရ သူ့ရဲ့ အချင်းဟာ ၅၅ ပေခန့်လောက်သာရှိမယ်လို့ ခန့်မှန်းထားကြပါတယ်
ကမ္ဘာကိုဝင်တိုက်မိမယ့် အန္တရာယ် လုံးဝ(လုံးဝ) မရှိပဲ ကမ္ဘာ နဲ့ မိုင်ပေါင်း ၁၄၀၀၀၀ ခန့် အကွာကနေ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
သူရဲ့ အလျင်ကတော့ တစ်နာရီကို မိုင် ၂၈၀၀၀ ခန့် နဲ့ ကမ္ဘာ့ကိုဖြတ်သန်းကျော်ဖြတ်သွားမယ်လို့ တွက်ချက်ထားကြပါတယ်။ဒီဥက္ကာခဲပျံကိုတော့ သူ့ဖြတ်သန်းသွားမယ့် စက်တင်ဘာလ ၃ ရက်နေ့ ည၇နာရီ အချ်ိန်မှ စတင်ပြီး နက္ခတ်တာရာပညာရှင်များမှ အနီးကပ်လေ့လာစောင့်ကြည့်ကြမှာဖြစ်ပါတယ်။
နာဆာအဖွဲ့နဲ့ အတူ မိတ်ဖက်အဖွဲ့အစည်းများမှ ခေတ်မီတယ်လီစကုတ်များအသုံးပြုထားတဲ့ လေ့လာဆန်းစစ်ချက်များအရ လာမယ့် နှစ် ၁၀၀ အတွင်း ကမ္ဘာကို အန္တရာယ်ရှိတဲ့ဥက္ကာခဲပျံတစ်ခု ဝင်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
~MASES / Soe pyae htat

image