မုန့်လိပ်ပြာ
😋😋😋😋😋😋😋
လုပ်စားကြည့်တာ တကယ်စားလို့ကောင်းပါတယ်။
သိပ်ကြိုက်။ 😋😋😋😋😋😋

ပါဝင်ပစ္စည်းများ
----------
(ထမင်းပေါင်းအိုး ဆန်ချိန်ခွက် ကို အသုံးပြုပါတယ်)

ဆန်မှုန့် - ဆန်ချိန်ခွက် ၁ခွက်
ပီလောပီနံမှုန့်- ဆန်ချိန်ခွက် ၁ခွက်
ဆား - လက်ဖက်ရည်ဇွန်း တဝက်ခန့်
ရေ - ဆန်ချိန်ခွက် ၂ခွက်
(၁ခွက်က ရိုးရိုးရေ နဲ့ အရင်ဖျော်ပြီး နောက်၁ခွက်က ရေနွေးဆူဆူ နဲ့ ထည့်ပြီး မွှေတာပါ။ မုန့်သား ပိုအိအောင်ပါ။)
အပေါ်က ၄မျိုးက မုန့်သား လုပ်ဖို့ပါ။ ပြီးရင် နာရီဝက်ခန့် နှပ်ထားပါ။

ပဲလွန်း - ၁ဗူး (ပုံ တွဲထားပါတယ်)
ထန်းလျက်ရည်ကျိုပြီးသား- ဆန်ချိန်ခွက် တဝက်ခန့်
(အပေါ်က ၂မျိုးက ပဲယို လုပ်ဖို့ပါ)

နှမ်းဖြူ ၊ နှမ်းမဲ ၊ ဆား တို့ကို ရောထောင်းပြီး
အုန်းသီးခြစ် (သို့) အုန်းသီးမှုန့် - ကိုယ် လိုသလောက်ပါ။

ပြုလုပ်နည်း လေးတွေကို ပုံတွေနဲ့အတူ အောက်မှာ ဖော်ပြထားပါတယ်နော်။
မုန့်လိပ်ပြာလုပ်နည်း(Home made)

အိမ်မှာ အလွယ်နည်းနဲ့လုပ်ထားတာမို့
ပုံမှန်လုပ်နေကြတဲ့ ရိုးရာနည်းနဲ့မတူပေမယ့်
အရသာကတော့ တစ်ထပ်ထဲကျပါတယ်

ရိုးရာနည်းကတော့ ဆူနေတဲ့ ရေနွေးအိုးပေါ်မှာ
ပိတ်ပါးစ (ထီးပိတ်စ) ကို တင်းနေအောင်ချည်ထားပြီး
ပိတ်စ ပေါ်မှာ မုန့်ရည်လောင်းပြီး လုပ်ကြတာပါ
အခုတော့ မကပ်ဒယ်အိုးအသေးကို သုံးပြီး လုပ်ထားပါတယ်ရှင်

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး

ပဲယို
နူးအိအောင်ပြုတ်ပြီး ကျေအောင်ချေထားတဲ့ ...
ပဲလွန်းနို့ဆီဗူးတစ်ဝက်
ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် စားပွဲဇွန်း ၅ဇွန်း
(ထန်းလျှက်အစား သကြားသုံးလို့ရပါတယ်)
အုန်းနို့မှုန့် ၄ဇွန်း
ဆားအနည်းငယ်
ရေ စားပွဲဇွန်း ၂ဇွန်း တို့ကို ရောပြီး မီးအေးအေးနဲ့
အရည်ကုန်အောင်မွှေထားပေးပါ
(အုန်းနို့ရည်ကိုသုံးမယ်ဆို ရေထည့်စရာမလိုပါဘူး)

မုန့်ရည်
ဆန်မှုန့် ထမင်းစားဇွန်းရှည် ၅ဇွန်းမောက်မောက်
ပီလောပီနံကော်မှုန့် ထမင်းစားဇွန်းရှည် ၁ဇွန်းမောက်မောက်
ဆီ ၂ဇွန်း
ဆားအနည်းငယ်
ရေ ၃၀၀ ml (နို့ဆီဗူး ၁ဘူး) ကို သုံးပြီး မုန့်ရည်ချောအောင်ဖျော်ပါတယ်

မီးအပူချိန်နဲနဲ နဲ့ မကပ်ဒယ်အိုးကို အပူပေးပါတယ်
အိုးအတော်ပူလာရင် မုန့်ရည်ထည့်ပါတယ်
အိုးအနှံ့မုန့်ရည်ကပ်သွားအောင် အိုးကို မြန်မြန်ဝိုင်းလှည့်ပေးပြီး ပိုနေတဲ့မုန့်ရည်တွေကို ပြန်သွန်ထုတ်ပေးပါတယ်
ဒါမှ မုန့်သားပါးပါးအိအိကလေး ရပါမယ်

မုန့်သားကျက်ပြီး အရောင်ကြည်လာရင် ပဲယိုထည့်ပြီး ခေါက်ပေးပါတယ်

မုန့်ကို အဝိုင်းပုံမဟုတ်ပဲ လေးထောင့်ပုံပဲ အလွယ်ခေါက်လို့လဲ ရပါတယ်ရှင်
Credit........

မုန့်လိပ်ပြာလုပ်နည်း နောက်တစ်မျိုး

အိမ်မှာ အလွယ်လုပ်ထားတာမို့ ပုံမှန်လုပ်နေကြတဲ့
နည်းတွေနဲ့တူမှာမဟုတ်ပေမယ့် အရသာကတော့
တစ်ထပ်ထဲကျပါတယ် အိမ်မှာအပျင်းပြေ
ကိုယ့်ဘာသာလုပ်စားလို့ရအောင် နည်းလေး
ရေးပေးလိုက်ပါတယ်
ပဲယို
နူးအိအောင်ပြုတ်ပြီး ကျေအောင်ချေထားတဲ့ပဲလွန်းနို့ဆီဗူးတစ်ဝက် ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်
ရည်စတီးဟင်းခပ်ဇွန်းတို ၅ဇွန်း အုန်းနို့မှုန့် ၃ဇွန်း ဆားအနည်းငယ်တို့ကို ရောပြီး မီးအေးအေးနဲ့
အရည်ကုန်အောင်မွှေထားပေးပါ
မုန့်ရည်
ဆန်မှုန့် ထမင်းစားဇွန်း ၅ဇွန်းမောက်မောက်
ပီလောပီနံမှုန့် ၁ဇွန်းမောက်မောက်
ဆီ ၂ဇွန်း ဆားအနည်းငယ်တို့ကို ရေ ၁၆၀ ml နဲ့
ဖျော်ပါတယ်
မီးအပူချိန်နဲနဲမှာ ဆီမကပ်အိုးကို အပူပေးပါ
ပူလာပြီဆို မုန့်ရည်ထည့်ပြီး မုန့်အထူအပါးညီ
အောင်အိုးကိုလှည့်ဝိုင်းပေးပြီး မီးဖိုပေါ်ပြန်တင်ပါ
(မုန့်က ပါးလွန်းရင် အစာထည့်တဲ့ခါ ပေါက်သွား
တတ်ပြီး ထူလွန်းရင်လဲ စားလို့သိပ်မကောင်းပါဘူး မုန့်လုပ်ရင်းနဲ့မှ ချိန်တတ်သွားပါလိမ့်မယ်)
ခဏနေ မုန့်မျက်နှာပြင်တစ်ခုလုံး အရောင်ကြည်ပြီး
ဖြူလာပြီဆို ပဲယိုထည့်ပြီး အသာအယာခေါက်ပေးလိုက်တာနဲ့ရပါပြီ မုန့်ခေါက်တဲ့နေရာမှာ မုန့်သားကျက်မှခေါက်လို့လွယ်သလို အကျက်လွန်ရင်လဲ
ဘေးသားလေးတွေ မာသွားတတ်လို့ သတိထား
ပေးပါ
အခုလုပ်တာမှာ ကြက်ဥကြော်တဲ့ဆီမကပ်အိုး
၅လက်မဆိုဒ်ကို သုံးထားတာ ပုံမှန်မုန့်လိပ်ပြာ
တစ်ခုစာအရွယ် အနေတော်ရလို့ အတော်အဆင်
ပြေပါတယ် မုန့် အရေအတွက်ကတော့ ၁၅ခု
ထွက်ပါတယ် အပျင်းပြေလုပ်စားကြည့်ပါရှင့်

image