1 w - Translate

အာဖဂန်ငလျင် ‌ေ-သဆုံးသူ ၈၀၀ ကျော်ရှိနေကာ ၃,၀၀၀ နီးပါး ဒ-ဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံတွင် တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်ခန့်က အင်အားပြင်းငလျင်လှုပ်ခတ်ရာ ‌ေ-သဆုံးသူ ၈၁၂ ဦးရှိပြီး ဒ-ဏ်ရာရသူ ၂,၈၁၇ ဦးရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။
အာဖဂန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်များတွင်ပါဝင်‌သော ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖုတ်ပူမီးတို-က်ဆောင်ရွက်နေရပြီး ယာယီဆေးရုံများ၊ ခိုလှုံရေးစခန်းများနှင့် သောက်ရေသန့်များ အရေးတကြီးလိုအပ်နေကြောင်း တာလီဘန်အရာရှိတစ်ဦးက ပြောကြားသည်။
ရွာလုံးကျွတ်ပျ-က်စီး‌သောရွာများရှိကာ အဆက်အသွယ်များပြ-တ်တေ-ာက်ကုန်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသည် အခက်အခဲဖြစ်လျက်ရှိသည်။ နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်သည် ငလျင်ဒ-ဏ်ကို အဆိုးဝါးဆုံးခံခဲ့ရကာ နန်ဂါဟာ၊ လာ့မန်၊ နူရစ္စတန်နှင့် ပန်ဂျေရှီယာတို့သည်လည်း ထိခို-က်မှုများခဲ့သည်။
ပါကစ္စတန်နိုင်ငံနှင့်နယ်စပ်အနီး အာဖဂန်အရှေ့ပိုင်းနယ်မြေတွင် ညသန်းခေါင်မတိုင်မီအချိန်၌ ပြင်းအား ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။ နောက်ဆက်တွဲ ငလျင်များကို အိမ်နီးချင်း ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများကပါ ခံစားခဲ့ရကြောင်း သိရသည်။

image