အာဟာရပြည့်ပြီး အရသာရှိတဲ့ အမဲသားသုပ် 🥩😋🍲 တခါတလေ ထမင်းတနပ်စားဖို့ သိပ်ပြီးတော့ ခေါင်းအရှုပ်ခံမစဉ်းစားချင်တဲ့အခါ၊ ဆီပြန်ဟင်းတွေလည်း မစားချင်တော့တဲ့အခါ အသုပ်တမျိုးမျိုးသုပ်ပြီး ထမင်းဖြူနဲ့ စားကြည့်ပါ 🤤 Very Good ကြီးနော် ❗ အသုပ်ဆိုတော့ လုပ်ရတာ သိပ်ပြီးတော့ အလုပ်မရှုပ်သလို အိမ်သားတွေကလည်း ကြိုက်ကြတယ်ဆိုတော့ ပျော်ရွှင်စရာကောင်းတဲ့ ထမင်းဝိုင်းလေး ဖြစ်မှာပါ။
ပါဝင်ပစ္စည်းများ
😁😁😁😁😁
အမဲသား-(၂၀) သား
ဂျင်း- အနည်းငယ်
စပါးလင်-(၁) ချောင်း
ဆား၊ ဟင်းခတ်မှုန့်-အနည်းငယ်
ငရုတ်ကောင်းမှုန့်
ငရုတ်သီး
ဆန်အကျက်မှုန့်
ငရုတ်သီးမှုန့်
ဆီ
ပူစီနံရွက်
အမဲသားသုပ်နည်း
😋😋😋😋😋
၁။ ပထမဆုံး အမဲသားကို အနံ့ပျောက်ပြီး အရသာကောင်းအောင် နှပ်ထားဖို့ လိုပါတယ်။ အမဲသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်ကောင်းမှုန့်၊ ဆား ဟင်းခတ်မှုန့် ထည့်ပြီး နယ်ထားပါ။ တစ်နာရီလောက်
ကြာအောင် နှပ်ထားဖို့ လိုပါတယ်။
၂။ တစ်နာရီလောက် ကြာပြီးရင်တော့ စချက်လို့ ရပါပြီ။ အိုးထဲကို ခုနက အမဲသားနှပ်ထားတဲ့ အဆာပလာတွေကို ဆီနဲ့ အရင် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုရင် အမဲသားစထည့်ပါ။ အမဲသားကို ကိုယ့်စိတ်ကြိုက် ကျက်လောက်တဲ့အထိ ရေထည့်ပြီးတည်ပါ၊
၃။ ကိုယ့်စိတ်ကြိုက် အနေအထားရပြီဆိုရင် မီးပိတ်လို့ ရပါပြီ။ အမဲသားကို မထူမပါးလေး လှီးပြီး ပန်းကန်ထဲ ထည့်ပါ။ ပူစီနံရွက်၊ အရသာမှုန့်၊ ဆန်အကျက်မှုန့်၊ ငရုတ်သီးမှုန့် (ဒါမှမဟုတ်) ငရုတ်သီးစိမ်းထောင်းထားပြီးသား ထည့်ပါ။ ကြက်သွန်ကြိုက်ရင် ထည့်ပါ။
၄။ ပြီးရင်တော့ နယ်လို့ ရပါပြီ။ လက်နဲ့ အတင်းညှစ်ချေပြီး နယ်တာမျိုး မလုပ်ပါနဲ့။ အရွက်တွေ ကြေကုန်ရင် စားလို့ မကောင်းသလို လှလည်းမလှတော့ဘူးပေါ့။
😍😍😍 အမဲသားနှပ်တဲ့နေရာမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ကို ထောင်းပြီး အရည်ညှစ်ကာငရုတ်ကောင်းမှုန့်၊ ဆား ဟင်းခတ်မှုန့် ထည့်ပြီး နယ်နပ်ထားလည်းရပါတယ်။ ကြာကြာနပ်ထားလေ ကောင်းလေပါပဲ။ အသုပ်သုပ်တဲ့နေရာမှာတော့ တခြား မိမိကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေ ထည့်သုပ်လို့ရပါတယ်။
❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
Crd ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & followလုပ်ထားပါ


