#ဝက်သားကြံမဆိုင်ပဲပြားဟင်းချို
ကြံမဆိုင်ဟင်းချိုကတော့ လူတိုင်းကြိုက်တဲ့ တရုတ်ဟင်းချိုတစ်မျိုးပါ။ ခုကျွန်တော်ပြောပြမဲ့ ဟင်းချိုလေးကလည်း ချင်းနံ့လေးသင်းပြီး ချဉ်ချဉ်လေးနဲ့ သောက်ရတာအင်မတန်မှ အရသာရှိပါတယ်။ ကြံမဆိုင် (Salted Mustard Green) ကို ပါးပါးမလှီးဘဲ။ အတုံးကြီးကြီးတုံးထားပါတယ်။ အဲဒါကြောင့် ကြံမဆိုင်နဲ့ ပဲပြားတုံးလေးတွေကို မြိတ်ချဉ် (ပဲငံပြာရည်+ကြက်သွန်ဖြူ+ငရုတ်သီးစိမ်း)တို့ပြီး စားရတဲ့အရသာကလည်း ထူးလှပါတယ်။ ဟင်းရည်လေးသောက်လိုက် ပဲပြားလေးကိုတို့စားလိုက်နဲ့ ထမင်းမြိန်စေတဲ့ တရုတ်ဟင်းချိုလေးပါ။ ချက်နည်းလေးကို ကြည့်ကြရ အောင် . . . ။
ပါဝင်ပစ္စည်းများ
................
- ကြံမဆိုင် - 350 gm (အတုံးကြီးကြီးတုံးထားပါ)
- ဝက်သား - 200 gm (ပါးပါးလှီးထားပါ)
- ပဲပြား - ၃ ပြား (ပဲပြားတပြားကို ၆တုံး တုံးပါ)
- ချင်း - 45 gm (ပါးပါးလှီးထားပါ)
- ခရမ်းချဉ်သီး - ၃ လုံး (လေးခြမ်းခြမ်းပါ)
- မရမ်းသီးဆားရေစိမ် - ၃ လုံး
- ရေ - ၁.၈ လီတာ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူဆီချက် - အနည်းငယ်
ချက်ပြုတ်နည်း
.................
ဟင်းချိုချက်မဲ့အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ ပြီးရင် ဝက်သား၊ ချင်း၊ ကြံမဆိုင် (Salted Mustard Green)၊ မရမ်းသီး ဆားရေစိမ် (Salted Plum)၊ ပဲပြားထည့်ပြီး ဝက်သားနူးအောင်တည် ထားပါ။ ပြီးရင် ပဲပြား၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက် သားမှုန့်ထည့်ပြီး ဆက်တည်ထားပါ။ ဒီဟင်းချိုချက်တဲ့အခါ ကြာမြင့် တဲ့အချိန်ကတော့ ၃၅ မိနစ်ခန့်ပါ။ စားသုံးမည်ဆိုပါက တစ်ယောက် စာအတွက် ပန်းကန်လုံးသီးသန့်စီမှာထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူ ကြော်ထည့်ပြီး သုံးဆောင်ပါခင်ဗျာ။
