1 w - Translate

အသက်၂၀ ကျော် ကောင်လေးတစ်ယောက်
မကျေနပ်ချက်တွေနဲ့ ဗျာများနေတဲ့ အချိန်ပေါ့
နောက်ခံ background မတောင့်တင်းတော့
ကိုယ့်ဘဝကိုယ်တိုင် တက်လှမ်းနေရတယ်ပေါ့။
ဘယ်သူက ဘာတွေလာပြောရင်လည်း မခံချင်ဘူး
သေချာတဲ့လမ်း​ကြောင်းလည်း မဖောက်နိုင်ပြန်ဘူး
မင်းသိလား သူများတွေ အလွယ်လေးရနေတဲ့ဟာကို
ငါ့မှာပဲ အရမ်းတွေခက်ခဲနေတာမျိုး
ရေရေရာရာဖြစ်မြောက်မှု မရှိသေးတဲ့ ဘဝမှာ
ဘာဖြစ်ချင်မှန်း မသိခဲ့တာလည်းပါသလို
ဖြစ်ချင်တဲ့အရာတွေ များခဲ့လို့လည်း ခက်ရပြန်တယ်
လမ်းပျောက်နေတဲ့ လူငယ် လမ်းများနေတဲ့ လူငယ်။

image