တပြည်သူမရွှေထားရေ...
အခြေမတူ ဘဝအနေခြားနေ...
ပြည်မြို့ကိုနောက်ခံထားပြီး ရေးသားခဲ့တဲ့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ "တပြည်သူမရွှေထား ” ဝတ္ထုထဲက ထားသခင်တို့မိသားစု နေခဲ့ကြတဲ့ အရေးပိုင်အိမ်ကြီးဟာ ပြည်မြို့မှာ တကယ်ရှိပါတယ်။ ပြည်မြို့ကနေ ဝင်ဝင်ချင်း နဝဒေးတံတားထိပ်က မင်းကြီးတောင်ပေါ်မှာ ယနေ့ထက်တိုင် ထီးထီးမားမားတည်ရှိနေဆဲပါ။ ရှေးခေတ်က အရေးပိုင်မင်းများ ရုံးစိုက်ပြီး နေထိုင်ခဲ့ကြတဲ့ရှေးဟောင်းအိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်။
အိမ်ထဲမှာတော့ စစ်တပ်ထဲကလို့သိရတဲ့ လင်မယားနှစ်ယောက် နေထိုင်ပြီး အိမ်ပေါ်တက်ရင် သူတို့ဆီ
ခွင့်တောင်းရပါတယ်။
မင်းကြီးတောင်ပေါ်မှာ အဆိုပါ အိမ်မျိုး နောက်တစ်လုံးလည်း ရှိနေပါသေးတယ်။ တစ်လုံးက မင်းကြီးတောင်ရဲ့ဘယ်ဘက်ခြမ်းမှာ တည်ရှိပြီး မနည်းလေးသွားရပါတယ်။ အိမ်က ထားသခင်ရဲ့အိမ်ထက် ပိုဟောင်းနွမ်းပြီး ညစ်ပတ် စုတ်ပျက်ကာ သရဲခြောက်တယ်ဆို၍လည်း နာမည်ကြီးပါတယ်။ ဝတ္ထုထဲကအိမ်နဲ့ တချို့မှားယွင်းပြီး သွားလည်တတ်ကြပါတယ်။ ယခု ထားသခင်ရဲ့အိမ်ကြီးက နဝဒေးတံတားဘက် ဧရာဝတီမြစ်ကမ်းနဖူးအပေါ်မှာ ရှိပါတယ်။ မင်းကြီးတောင်ရဲ့ ညာဘက်အခြမ်းလို့ဆိုနိုင်ပါတယ်။ အိမ်ကြီးကိုသွားတဲ့လမ်းမှာ ရာဇဝင်ထဲက မင်းသမီးလေး ဗေဒါရီရဲ့ ဂူကိုလည်း တွေ့မြင်နိုင်မှာပါ။
မင်းကြီးတောင်တက်လမ်းဟာ ကြမ်းတမ်းမတ်စောက်သည့်အတွက် ဆိုင်ကယ်နဲ့တက်ရင်
မနည်းသတိထားတက်ရပါတယ်။ လူခြေပျက်ချိန်တို့ ညဘက်တို့ဆိုလျှင် လုယက်တတ်သည့်အတွက် သတိနဲ့ သွားရောက်လည်ပတ်သင့်ပါတယ်။ တောင်ပေါ်ကနေ ပြည်မြို့ရဲ့အလှကို ရှုစားနိုင်မှာဖြစ်ပြီး ထားသခင်ရဲ့အိမ်ကြီးကနေ နဝဒေးတံတားနှင့် ဧရာဝတီမြစ်ကြီးရဲ့အလှအပကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။ ဆရာ့ပရိသတ်တွေကို တနေ့အခါအခွင့်သင့်တဲ့အခါ လာလည်ပါလို့ ဖိတ်ခေါ်ပါရစေ....။
"လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး
ဒါပေမဲ့ ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ”
#တပြည်သူမရွှေထား
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredit
