1 ပတ် - ဘာသာပြန်ပါ။

တစ်နေ့ကျရင် နေသားကျသွားမှာပါ။
အင်း... အဲ့လိုပဲတွေးပါတယ် ။ ဘာလို့ဆို မေ့ဖို့အတွက်လဲ အများကြီး ကြိုးစားခဲ့ပြီးပြီ ဒါပေမယ့် မေ့လို့မှ မရခဲ့ပဲလေ ။ အလုပ်တွေ အများကြီးလုပ်ပြီးလဲ မတွေးမိအောင်နေခဲ့ပြီးပြီ ဒါပေမယ့် တစ်စက္ကန့်လေးအားရင် အဲ့ဒီတစ်စက္ကန့်လေးမှာ သတိရမိသွားတာပါပဲ ။
ထပ်ပြီးတော့ မကြိုးစားချင်တော့ဘူး ။ တစ်နေ့ကျရင်တော့ ဒီနာကျင်ခြင်းမှာ တဖြေးဖြေးတော့ နေသားကျသွားမှာပါ ။ အချိန်ဆိုတဲ့ သမားတော်ကြီးက ကုစားသွားလိမ့်မယ်ဆိုတဲ့စကားနဲ့တော့ နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့တော့ တကယ်ဆို သူနဲ့ ဝေးခဲ့တာ အတော့်ကို ကြာပါပြီ ဒီနှစ်ထဲဆို ဝေးခဲ့ရတာ သုံးနှစ်က မနေတော့ဘူးလေ ။
ဒါပေမယ့် ဒီနေ့ထိ တစ်ရက်မလွမ်းပဲ နေလို့မရခဲ့သေးဘူး ။ သူရှိနေတဲ့အရပ်ကို လှည့်မကြည့်ဖြစ်အောင်နေတယ် သူဘာလုပ်နေလဲ မစပ်စုပဲနေတယ် သူ့အကြောင်းပြောမယ့် လူတွေနဲ့ ဝေးဝေးမှာနေတယ် ။
ဒါပေမယ့် ရာသီဥတုလေးများ အေးလာရင် ဒီချိန်ဆို သူနေတဲ့ မြို့လေးက ပိုအေးမှာပဲဆိုတဲ့ အတွေးလေးဝင်လာတယ် ။ သီချင်းနားထောင်ရင်းက တိုက်များ တိုက်ဆိုင်သွားရင် မျက်ရည်တွေက သူ့အလိုလို ကျလာတယ် ။ သူတောင်နေနိုင်သေးတာပဲဆိုတဲ့ မာနလေးထားကြည့်တယ် ။ ဘာ​ကြောင့်နေနိုင်ရတာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ်ပဲ ပြိုလဲရတာပါပဲ ။
အဝေးမှာနေတာကြာရင် မေ့တာတော့ မေ့သွားမှာပါ ။ သူ့အကြောင်းတွေ မကြားရတော့တာကြာရင် မေ့မေ့ပျောက်ပျောက်လေး နေနိုင်သွားမှာပါ သူတကယ်မချစ်ခဲ့မှန်း လက်သင့်ခံလိုက်ရင် နာသင့်းလောက်တော့ စိတ်တွေက နာသွားမှာပါ ဒါပေမယ့် အဲ့ဒီအချိန်ကိုရောက်ဖို့တော့ အချိန်တွေ အများကြီး လိုဦးမယ် ထင်ပါတယ် ။
တစ်နေ့ကျရင်တော့... သူရှိမနေတော့တဲ့ ဘဝမှာ နေသားကျသွားမှာပါ ဒါပေမယ့် အခုထိတော့ ကိုယ့်ဘဝနဲ့ကိုယ် နေလို့ ပျော်မနေသေးဘူး ။ ဒဏ်ရာတွေက အစကလောက် မနာတော့ဘူးဆိုပေမယ့် နှလုံးသားမှာ နစ်ခဲ့တဲ့ ဒဏ်ရာတွေတော့ သတိရတိုင်း တဆစ်ဆစ်ကိုက်နေတုန်းပါပဲ ။
ဘယ်တော့မှ ပြန်မလာတော့မယ်လူကို တချိန်ချိန်ကျရင်တော့ မေ့သွားမှာပါ... ပြီးတော့ သူမရှိတော့တဲ့ ဘဝမှာ တစ်နေ့ကျရင်တော့ နေသားကျသွားမှာပါ ။
အခုထိတော့ ငိုနေမိတုန်းပဲ ။ လွမ်းတယ် တိုးတိုးလေး ရေရွှတ်ပြီး ငါဘာလို့ အဲ့လောက်ချစ်ခဲ့မိတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတုန်းပဲ ။

image