1 w - Translate

ကိုယ့်ဘက်က နည်းနည်းလေးလျော့ပေးရုံနဲ့
ကုသိုလ်ဖြစ်စေတာလေးတွေ ရှိပါတယ် ...🍀
ရိုးရိုးလေးနဲ့ နည်းနည်းပြောပြမယ်နော် 🌿
🌿တစ်ခုခု စောင့်ဆိုင်းရတဲ့နေရာမှာ ထိုင်စရာနေရာရတဲ့အခါ
အသက်ကြီးတဲ့ ဘိုးဘွားအရွယ်တွေတွေ့ရင်.
ကိုယ့်ရဲ့နေရာကိုဖယ်ပေးတာ
🌿 စျေးဝယ်တဲ့အခါ နွမ်းပါးတဲ့စျေးသယ် အသီးအရွက်သည်လေးတွေ ကို ငွေပေးတဲ့အခါ..
.ပိုက်ဆံ ကို အသစ်အကောင်းထဲကရွေးပေးတာ...
ပိုငွေ တစ်ရာ..နှစ်ရာကို ပြန်မယူတာ..
🌿 တစ်ခါတစ်လေ အကြောင်းတစ်ခုခု​ကြောင့်...ပစ္စည်းတွေဝယ်မရတာ ရှားပါးတာမျိုးဆို...
ကိုယ်က ဝယ်နိုင်တဲ့အခြေအနေ
ဝယ်နိုင်တဲ့ဘဝဆိုရင်....ရှိသမျှအကုန်
ကိုယ့်အတွက် ဝယ်မသိမ်းပဲ တကိုယ်စာ..
လိုသလောက်ပဲ ဝယ်ပြီး တစ်ခြား သူကို ရစေတာ....
နော်...ကိုယ့်ငွေလည်းမစိုက်ရပဲ ကုသိုလ် ရမှာ
ငါလိုအပ်သလို သူများလည်းလိုအပ်မှာပဲ..
သူများ ဝယ်ဖို့လည်း ချန်ထားပေးမယ်ဆိုတဲ့စိတ်လေး
🌿 နောက်တစ်ခု က ကိုယ်က ငွေကြေးတတ်နိုင်ရင် မတတ်နိုင်တဲ့သူတွေရဲ့ စျေးကွက်ကိုပါယူတာမျိုး
မလုပ်ရင်.....တပိုင်တနိုင်လေးတွေကို အသက်ရှူချောင်စေတာ....
ဒါမျိုးက သိလား....အတ္တလို့မထင်ရတဲ့...စိတ်ပါးပါးလေးနော်....
အလုပ်လုပ်တာပဲ
လုပ်နိုင်တာအကုန်လုပ်မယ်ဆိုပေမယ့်.. .
.ငဲ့ညှာသင့်တာကိုငဲ့ညှာပေးတာ...
အလှူကြီးပေးတာထက်ကို....ကုသိုလ် ပိုရဦးမယ်
ဒါကတော့ ကျမအမြင်အတွေးပါ✌
တစ်ခုလေး
ပြောပြမယ်နော်
ကျမ အရင်က အလုပ်လုပ်တယ်ဆိုရင်
..ကျမ က ပေ့ချ် နဲ့ရောင်းတယ်..
..ပစ္စည်းတွေ Instock ထားနိုင်တယ်ဆိုရင်...
ကျမပေ့ချ်မှာပဲရောင်းတယ်
ဂရုလေးတွေမှာ...တစ်ချို့က ဒါလေးလိုချင်နေတာ ဘယ်မှာရမလဲ ဆိုတာမျိုး မှာ..
ကျမဆီရပါတယ်ဝင်မပြောဘူး....
.တစ်ချို့တစ်နိုင်လေးတွေလုပ်ကြတာ...မျိုးရှိတယ်..သူတို့ဆီမှာ လည်း အဲ့တာလေးတွေရောင်းဖို့ရှိနေတယ်...သူတို့ ရောင်းရစေချင်တယ်လေ....
ဒါလေးက သဘောကိုပြောပြတာပါ.
..ကျမလုပ်နိုင်သလောက်လေး..
နောက်ပြီး သိပ်မတတ်နိုင်တဲ့ဝယ်သူလေးတွေ ကြုံရင် Deli ခစိုက်ပေးတာတို့...အပိုတွေထည့်ပေးတာတို့...
လုပ်ပေးလိုက်တယ်......
သက်သက် give ပေးတာကတော့ ကိုယ့်အတွက် ကောင်းတာပေါ့ ...လူသိတာပေါ့..ဒါပေမယ့် ကျမက
လိုအပ်တဲ့သူကို ရစေချင်တာ ပါ🍀
🌿 စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတာ....
လူတွေ တရားရိပ်သာ ဘယ်လောက် ဝင်ဝင်...
တရားရှိလာပြီလားသိချင်ရင်..
.ကိုယ့်ကိုယ်ကို ဒီလိုဆန်းစစ်ပါတဲ့
အတူတူ ထမင်းစားကြတဲ့အခါ...
ကြီးတဲ့ ဟင်းတုံးဆီကို
လက်ကလှမ်းမိရက်သားလား..
သူများ အတွက်ထားသလား
ခုံနေရာရွေးတဲ့အခါ...
ပိုကောင်းတဲ့နေရာအမြဲရွေးမိသလား
သူတစ်ပါး ကို
တစ်ခုခု ပေးတဲ့အခါ ကောင်းတာပေးမိလား..
ကိုယ့်အတွက် ချန်သလား
ပိုက်ဆံ ပေးတဲ့အခါ အသစ်ပေးမိလား.
..အစုတ်ပေးမိလား...
စသည်ဖြင့် အများကြီး ရှိပါသေးတယ်
စာရှည်လို့ ဒီလောက်ပဲ ရေးပြမယ်နော်
လူဆိုတာက....😌
ဘာမဟုတ်တဲ့ သေးသေးလေးကစ အတ္တလျော့ဖို့ရာ မလွယ်ကူဘူးမလား🥺
ကျမကိုယ်တိုင်လည်း ပုထုဇဥ်ပဲမို့...
.ကိုယ့်ကိုယ် ကို အမြဲ သတိပေးနေရတာပါ.....
သတိလွတ်တဲ့အချိန်တွေလည်းများပါတယ်..
ကိုယ့်အတွက် ဆိုတဲ့ အကျင့်ကပါနေတာကိုးနော်
ဒါလေးတွေက ကျမရဲ့
တစ်ချို့ အတွေးလေးတွေ ရေးပြတာပါ....
လူတစ်ကိုယ် စိတ်တစ်မျိုးမို့ သဘောထားကွဲလွဲခွင့်ရှိပါတယ် ရှင် 🙏
With Love....
𝓔𝓶𝓮𝓻𝓪𝓵𝓭'🌿🍀
Follow for more posts 👇
🥰 𝓔𝓶𝓮𝓻𝓪𝓵𝓭'𝓼 𝓓𝓲𝓪𝓻𝔂
#emeralddiary