ယောဂီတို့ စားသောက်နေစဥ်မှာ ချို၊ ချဥ်၊ ငံ၊ စပ် ဆိုတဲ့ သဘောတွေက သူ့ဟာသူဖော်ပြနေတာကို ကိုယ်က ချိုတယ်၊ ချဥ်တယ်၊ ငံတယ်၊ စပ်တယ်လို့ မနောထဲမှာ သညာတွေ သွားပေးနေတယ်။ အဲဒါကို သေချာမြင်အောင်ကြည့်။ အဲဒီ ချို၊ ချဥ်၊ ငံ၊ စပ် ရဲ့နောက်မှာ ဓာတ်တစ်ဓာတ် ထွက်လာပြီး ဓာတ်တည့် မတည့်ပေါ်မှာ မူတည်ပြီး စားကောင်းတယ်၊ စားမကောင်းဘူးလို့ ဖြစ်ကြရတယ်။
နား နဲ့ အသံတိုက်ရင် ကြားတာကို တဆင့်သွားသိ သတိထားရင် ပုံပေါ်ပြီ။ နာမ်ညွတ်ရာ ရုပ်ဇာတိဖြစ်လို့ ကြား ကြားတဲ့အပေါ်မှာ ဖြတ်ရမှာ။ ရုပ်မဖြစ်ဖို့ အရေးကြီးတယ်။ ခွေးရုပ်မပေါ်စေနဲ့ - ဝုတ် ဝုတ် မှာရပ်။ ကြားတဲ့အသံပေါ် နှလုံးသွင်းရင် ပုံပေါ်မှာပဲ။
သညာအကြောင်းခံတာ သင်္ခါရပဲ။ အကြောင်းသွားမလုပ်ရင် သညာမပေးဘူး။ သညာမပေးရင် ပုံမပေါ်ဘူး။ အကြောင်းမလုပ်တဲ့စိတ် ချုပ်ငြိမ်းသွားရင် သညာမလာတော့ပါဘူး။ သင်္ခါရ အကြောင်းသွားမလုပ်ဖို့ အဓိကပဲ။
📌 ဆရာကြီးဒေါ်ပညာသိရီ (အမိုးညာ) – ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ ပြည်မြို့
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
