◾️အာဖဂန်နစ္စတန်ငလျင်လှုပ်ခတ်မှုသေဆုံးသူ ၆၂၀ ကျော်ရှိလာ
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ဒေသစံတော်ချိန် ယမန်နေ့ ညသန်းခေါင်ယံမတိုင်မီ ပြင်းအား ရစ်ချ်စတာ စ ကေး၆ဒသမ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့်သေဆုံးသူ ၆၂၂ ဦးအ ထိ မြင့် တက် လာ ကြောင်း တာလီဘန်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကပြောသည်။
ထို့ပြင်ဒဏ်ရာရသူ ၁၅၀၀ ကျော်ရှိလာပြီဖြစ်ကြောင်းလည်းပြည်ထဲရေးဝန် ကြီးဌာနကထုတ်ပြန်ထားသည်။
မြန်မာစံတော်ချိန်ယနေ့နံနက် ၂ နာရီတွင်လှုပ်ခတ်ခဲ့သောငလျင်ဗဟိုချက်သည် အာဖဂန်နစ္စတန်နိုင်ငံ၊ အ ရှေ့ ပိုင်းနန်ဂါဟာပြည်နယ်ရှိ၊နိုင်ငံ၏ပဥ္စမအကြီးဆုံးမြို့တော်ဂျလာလာဘတ်မြို့မှ ၂၇ ကီလိုမီတာ (၁၇ မိုင်) ကွာ ဝေးပြီး မြို့တော် ကဘူးလ်မှ ၁၄၀ ကီလိုမီတာ (၈၇ မိုင်) အကွာရှိမြေအောက်အနက် ၆ မိုင်ခန့် တွင် လှုပ် ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဧရိယာသည် တောင်တန်းများ ရှိပြီး လမ်းပန်းဆက်သွယ်ရေး အကန့် အသတ်ရှိသောကြောင့် သတင်းအချက်အလက်များနှေးကွေးစွာ ထွက်ပေါ်နေသည်။
ငလျင်ကြောင့်သေဆုံးသူရေရာပေါင်းများစွာအထိမြင့်တက်လာမည်ကိုစိုးရိမ်နေကြောင်းဒေသဆိုင်ရာတာလီဘန်တာဝန်ရှိသူများက BBC သို့ပြောသည်။
လက်ရှိတွင်သေဆုံးမှုများနှင့် ပျက်စီးမှုဆိုင်ရာ အချက်အလက်များ ဆက်လက်ထွက်ပေါ်လာနေဆဲဖြစ်သည်။
ဒဏ်ရာရသူများမှငါးမိနစ်လျှင်တစ်ဦးနှုန်းဖြင့်ဆေးရုံသို့ရောက် လာနေကြောင်း ကူနာ ပြည်နယ်မြို့ တော် အဆာဒါဘတ် ရှိပြည်နယ်ဆေးရုံအကြီးအကဲဒေါက် တာမူလာဒက်ကပြောသည်။
ငလျင်ကြောင့်သေဆုံးသူမှာကူနာပြည်နယ်၌အများဆုံးဖြစ်ပြီး ၆၁၀ ဦးရှိပြီဖြစ် သည်။
ငလျင်ဒဏ်အဆိုးရွားခံရသည့်ဒေသမှာတောင်တန်းမြေအနေအထားဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို အတားအဆီးဖြစ်စေကာသာမန်အချိန်များတွင်ပင် ရောက်ရှိရန် အလွန်ခက်ခဲသောနေရာဖြစ်သည်။
သတင်း-လင်းခေတ်
ကိုးကား- BBC
#နိုင်ငံတကာသတင်း

image