ထိုင်းမှာ ဒီနှစ် ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူမှုဟာ ၁၁၉ ရာခိုင်နှုန်း မြင့်တက်လာ
အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားတွေက တန်ဖိုး ဘတ် ၂၈.၇၁ ဘီလီယံရှိတဲ့ ကွန်ဒိုမီနီယံအခန်းပေါင်း ၇,၁၆၇ ခန်းကို ဝယ်ယူခဲ့ကြပြီး အဲဒီထဲက ၈၀% ကျော်က ဘန်ကောက် နဲ့ Chon Buri မှာ တည်ရှိပါတယ်။
တရုတ်က ဝယ်ယူမှုအများဆုံးအဖြစ် ဆက်လက်ရပ်တည်နေပေမယ့် ဝယ်ယူတဲ့ အရေအတွက် လျော့နည်းလာပါတယ်။ ဒုတိယသုံးလပတ် (Q2) မှာ ဘတ် ၆.၁၁ ဘီလီယံတန်ဖိုးရှိတဲ့ အခန်း ၈၉၉ ခန်း ဝယ်ယူခဲ့ကြပါတယ်။ ၂၀၂၅ ဒုတိယသုံးလပတ်မှာ ဝယ်ယူမှု ၂၈.၈% ကျဆင်းခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာ ကတော့ ထင်ထားတာထက် ဝယ်ယူမှုပိုမြင့်မားခဲ့ပါတယ်။ဒုတိယသုံးလပတ်မှာ အခန်း ၅၃၃ ခန်းကို ဝယ်ယူခဲ့ပြီး ၁၁၉.၃% တိုးတက်လာခဲ့ပါတယ်။ စုစုပေါင်းတန်ဖိုးက ဘတ် ၁.၃၄ ဘီလီယံဖြစ်ပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာ နိုင်ငံသားတွေဟာ ထိုင်းမှာ အရန်နေထိုင်စရာတွေ ရှာဖွေလာကြတဲ့အတွက် ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု ပိုမြင့်မားလာတာပါ။ သဘာဝဘေးအန္တရာယ်ကနေစတင်ခဲ့တဲ့ အခြေအနေကနေ နယ်စပ်ဖြတ်ကျော် ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းတဲ့အထိ ဖြစ်လာခဲ့ပြီး Chiang Mai , Chon Buri နဲ့ ဘန်ကောက် တို့မှာ မြန်မာတွေ ဝယ်ယူမှုမြင့်မားခဲ့ပါတယ်။
ကွန်ဒိုဝယ်ယူမှုအများဆုံး နိုင်ငံ ၁၀ ခု (၂၀၂၅ ပထမနှစ်ဝက်)
1. China – ၈၉၉ ခန်း
2. Myanmar – ၅၃၃ ခန်း
3. Russia – ၂၇၂ ခန်း
4. Taiwan – ၁၈၁ ခန်း
5. France – ၁၇၀ ခန်း
6. United States – ၁၂၄ ခန်း
7. United Kingdom – ၁၀၈ ခန်း
8. Germany – ၁၀၈ ခန်း
9. India – ၆၆ ခန်း
10. Japan – ၃၈ ခန်း
Ref : Nation Thailand
