1 ပတ် - ဘာသာပြန်ပါ။

၂၀၁၇ ခုနှစ်တုန်းက စပိန်နိုင်ငံမှ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ စားသောက်ဆိုင်တွေမှာ စားပြီး ဘေမရှင်းရအောင် နှလုံးရပ်သလို ဟန်ဆောင်ခဲ့ပါတယ် သူ့ရဲ့လုပ်ပုံကတော့ အစာအိမ်က အနာတွေကြောင့် မခံမရပ်နိုင်အောင် နာကျင်နေသလိုမျိုး ရင်ဘတ်ကို ဖိပြီး ဒရာမာဆန်ဆန် လဲကျပြတာဘဲ ဖြစ်ပါတယ် စားသောက်ဆိုင်ဝန်ထမ်းတွေက ဒီလိုအခြေအနေမျိုးမှာ လန့်ပြီး သူ့ကို ဆေးရုံပို့ဖို့ ကြိုးစားကြပါတယ် ဒါပေမဲ့ သူက ဆေးကုသမှု ခံယူဖို့ ငြင်းဆန်ပြီး အဲဒီနေရာကနေ ထွက်ပြေးလေ့ရှိပါတယ်
ဒီလိုမျိုး နဲ့ သူဟာ စားသောက်ဆိုင် ၂၀ ကျော်မှာ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ် အကြိမ်ကြိမ်အခါခါ ဖြစ်ပွားလာတဲ့အခါ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ သံသယဝင်လာကြပါတယ် အစားအသောက်ဖိုး မပေးရအောင် အခုလို နှလုံးရပ်ဟန်ဆောင်တဲ့ ဖြစ်ရပ်တွေဟာ တစ်မြို့လုံးမှာ ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစားပြောဆိုနေကြတဲ့အရာ ဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်တွေကို စတင်စုံစမ်းခဲ့ပါတယ်
ရဲတွေက စားသောက်ဆိုင်တွေရဲ့ လုံခြုံရေးကင်မရာမှတ်တမ်းတွေနဲ့ သက်သေအထောက်အထားတွေကို စုဆောင်းခဲ့ပြီး ဒီအမှုတွေဟာ တစ်ဦးတည်းသောသူရဲ့လက်ချက်ဖြစ်ကြောင်း သိရှိခဲ့ကြပါတယ် နောက်ဆုံးမှာတော့ အဲ့ဒီလူ ဟာ နောက်ထပ်စားသောက်ဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ဟန်ဆောင်မှုကို ပြုလုပ်ချိန်မှာ ရဲတွေရဲ့ လက်ပူးလက်ကြပ်ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်
သူ့ရဲ့ လှည့်ဖြားမှုဟာ စားသောက်ဆိုင်တွေရဲ့ စီးပွားရေးကိုလည်း ထိခိုက်စေခဲ့သလို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း အချိန်ကုန်လူပင်ပန်းဖြစ်စေခဲ့ပါတယ် အချို့စားသောက်ဆိုင်တွေဟာ သူ့ကို ကူညီဖို့အတွက် ဆေးရုံကို စေတနာထားပို့ဆောင်ပေးခဲ့တဲ့အတွက် တကယ့်ကို မခံမရပ်နိုင်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image