Gremlins အကောင်လေးတွေက ငယ်ငယ်က Cartoon Network မှာ ဇာတ်လမ်းတွဲ ရုပ်ရှင်တွေအဖြစ် ကြည့်ခဲ့ကြဖူးတာ မှတ်မိမှာပါ။
အခုတော့ ဒီဂရမ်မလင်အကောင်ထဲကမှာ မော်ဂွိုင်းလို့ခေါ်တဲ့ ဒဏ္ဍာရီလာ ရှဉ့်လေးရဲ့ လျှို့ဝှက်စွန့်စားခန်းတစ်ပုဒ်ကို HBO Max က ဇာတ်အိမ် Budget ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်လိုက်ပါပြီ။
မော်ဂွိုင်းဆိုတဲ့ သတ္တဝါလေးတွေကြောင့် အရင်က တရုတ်ပြည် ရှန်ဟိုင်းမြို့ကြီးနဲ့အပြိုင်စည်ကားခဲ့တဲ့ ဖန်ဒွန်းမြို့ကြီးဟာ ပျက်စီးခဲ့ဖူးပါတယ်။
ဒီကောင်လေးတွေကို စားရင် ထာဝရရှင်သန်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်တာကြောင့် ရတနာမုဆိုးတွေရဲ့ လိုက်လံမျိုးတုန်းသတ်ဖြတ်ခြင်းကိုခံရပြီး ပျောက်ကွယ်သွားခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ။
ဒါပေမယ့် ရှန်ဟိုင်းမှာ ဆေးဆရာအဖြစ်အသက်မွေးတဲ့ ဝင်းမိသားစုက ဆမ်နဲ့ သူ့အဖိုးဖြစ်သူတို့ ဈေးဝယ်ထွက်လာရင်း ဆပ်ကပ်ပွဲမှာ ရှေးဟောင်း မော်ဂွိုင်းသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရပါတယ်။
ဒီကောင်လေးတွေကြောင့် လူသားမျိုးနွယ်မပျက်စီးခင် သူနဲ့သက်ဆိုင်တဲ့ ကျောက်စိမ်းတောင်ကြားကို ပြန်ပို့ပေးဖို့ မြေးအဖိုးက ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် မှော်အစွမ်းတွေနဲ့ ထာဝရရှင်သန်ခြင်းအစွမ်းကို ပေးစွမ်းနိုင်တဲ့ ဒီသတ္တဝါ
