1 ပတ် - ဘာသာပြန်ပါ။

ကလော Hillock Villa
📍 အင်းလေးကနေ ကလော ရောက်တော့ နေ့လည် ၁၂:၃၀ လောက်ရှိပြီ။ Hillock Villa က ပုံမှန် checkin က ၂ နာရီ checkout က ၁၂ နာရီ ပေမယ့်ကလေးလဲ ပါတော့ free early check-in ပေးလုပ်တယ်။ ပိုကျယ်တဲ့ အခန်းတောင် free upgrade လုပ်ပေးတယ်။ (ဒါမဲ့ နဲနဲကျဉ်းတဲ့ ဘန်ဂလို လေးမှာ ပိုကြိုက်လို့ နေဖြစ်သွားတယ်)
ပြန်တော့လဲ လေယာဉ်က ၅:၃၀ မှ ဆိုတော့ ၃ နာရီ မှ check-out လုပ်ချင်တယ်ပြောတော့ free late check out ပေးတယ်။
📍 ထင်းရှူးပင်တွေကြားထဲ ရာသီဥတုကလဲ ချမ်းစိမ့်စိမ့်။ အခန်းတွေက Aircon တော့မပါဘူး။ လိုလဲ မလိုပါဘူး။ စောင်တောင် ခြုံပီး ကွေးနေရတယ်။ longstay နေတဲ့ အန်တီကြီးတွေ တောင်ရှိတယ်။ သူတို့ကို အားကျတာ အရမ်း ။ ဒီလို နေရာလေးမှာ အကြာကြီးနေချင်တယ်။
📍နေရာကလဲ နာရီစင်နဲ့ ၅ မိနစ်ဘဲ လျှောက်ရတယ်။ ခြံကလဲ ဘယ်နေရာရိုက်ရိုက် လှတယ်။ မိုးရွာထားရင် မြူတွေ ဆိုင်း။
📍breakfast ကလဲ စားလို့ကောင်းတယ်။ ရှမ်းစာ ၊ european breakfast နဲ့ fruit bowl ထဲက ကြိုက်တာ စားလို့ရတယ်။ room rate က ၄၅၀၀၀ က စတယ်။

image
image
image
image
image