1 w - Translate

လူတွေကို မင်းလုပ်ပေးတာတွေ များလာတဲ့အခါ
သူတို့က အဲဒါကို သူတို့ရဲ့ ရပိုင်ခွင့်လို့ ထင်လာတတ်ကြတယ်။
အဲဒီအခါ လုပ်ပေးရတာက မင်းရဲ့တာဝန် ဖြစ်လာပြီး၊
မလုပ်ပေးနိုင်တဲ့အခါမှာ မင်းဟာ တာဝန်မကျေတဲ့သူ၊
သူတို့အတွက် မိတ်ဆွေကောင်း မဟုတ်တော့တဲ့သူ ဖြစ်သွားတယ်။
အရင်က မင်းလုပ်ပေးခဲ့ဖူးတာတွေဟာ မလုပ်ပေးနိုင်တော့တဲ့နောက်မှာ
ဘာအဓိပ္ပာယ်မှ မရှိတော့ဘဲ အရာအားလုံးဟာ ပျက်စီးသွားတတ်တယ်။
ဒါတွေအားလုံးဟာ မင်းရဲ့ အားနာတတ်တဲ့စိတ်ကနေ စခဲ့တာပါ။
ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
အားမနာမိပါစေနဲ့။
တစ်နေ့ကျရင် မင်းတစ်ယောက်တည်း စိတ်ပင်ပန်းရလိမ့်မယ်။ (ဆရာအောင်သင်း)