မျှစ်ဆိုရင်တစ်ရေးနိုးတောင်ထစားချင်တဲ့ကျွန်မအကြိုက် မျှစ်အစပ်ချက်
မျှစ်အနုလေးတွေဝယ်ပြီးပြုတ်၊ ရေဆေးပြီးစိတ်ကြိုက်အနေလေးလှီး၊ ကြက်သွန်ဖြူ/နီ/ငရုတ်သီးစိမ်းထောင်း၊ ဆီသတ်၊ မျှစ်ထည့်ပြီးအချိုအငန်လေးထည့်၊ ရေအနည်းငယ်ထည့်၊ ဟင်းအိုးချခါနီးရှမ်းနံနံလေးအုပ်လိုက်ရင်ရပြီ 😋
ထမင်းပူပူလေးရယ် မျှစ်အစပ်ကြော်လေးရယ်ဆိုရင် တခြားဘာဟင်းမှမလိုတော့လောက်အောင် ခံတွင်းတွေ့နေပြီ 😍

image