၁၇၀၀ နဲ့ ၁၈၀၀ ပြည့်နှစ်တွေမှာ နာနတ်သီးတွေဟာ သစ်သီးတစ်မျိုးတင်မကဘဲ ကြွယ်ဝချမ်းသာတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုပြတဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ် ရှားပါးပြီး ထူးခြားတဲ့အသီးတွေဖြစ်တာကြောင့် ကာရေဘီယန်ဒေသကနေ တင်သွင်းရသလို အထူးဖန်လုံအိမ်တွေထဲမှာသာစိုက်ပျိုးခဲ့ရပါတယ် အဲဒီအချိန်က အင်္ဂလန်မှာ အဲဒီလို ဖန်လုံအိမ် ၂ ခုဘဲရှိခဲ့ပါတယ် ဒါကြောင့် နာနတ်သီးတစ်လုံးရဲ့ တန်ဖိုးဟာ အိမ်တစ်လုံးလောက်အထိ တန်ကြေးရှိခဲ့ပါတယ်
ဧည့်သည်တွေကို ဖိတ်ပြီး ညစာစားပွဲလုပ်တဲ့အခါ အိမ်ရှင်ရဲ့ ကြွယ်ဝချမ်းသာမှုကို ပြသနိုင်ဖို့အတွက် နာနတ်သီးကို စားပွဲရဲ့ အလယ်မှာ အလှတင်ထားလေ့ရှိပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် ဧည့်သည်တွေကို အိမ်ရှင်က ဘယ်လောက်ထိချမ်းသာကြွယ်ဝလဲဆိုတာကို သိရှိစေပါတယ်
နာနတ်သီးတစ်လုံး ဝယ်ဖို့ မတတ်နိုင်တဲ့သူတွေကလည်း ဒီအသီးကို တစ်ညတာ ဒါမှမဟုတ် ပါတီပွဲတစ်ခုအတွက် ငှားရမ်းပြီး သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ပြသခဲ့ကြပါတယ်
ဒီလိုအကြောင်းရင်းတွေကြောင့် နာနတ်သီးဟာ ၁၇/၁၈ ရာစုက လူတွေအတွက် ရိုးရိုးသစ်သီးတစ်လုံး မဟုတ်တော့ဘဲ ချမ်းသာကြွယ်ဝမှု၊ ဇိမ်ခံနိုင်မှုနဲ့ အဆင့်အတန်းကိုဖော်ပြတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
