7 ပတ် - ဘာသာပြန်ပါ။

ချစ်ခြင်းမေတ္တာဆိုတာ ထုတ်ဖော်ပြသပြီး ပြုမူရတာမျိုးပါ။
ချစ်တယ် ဆိုတဲ့စကားကို လူတိုင်းပြောတတ်ပါတယ်။ ဒါပေမယ့် သူချစ်တယ်ဆိုတဲ့ အရာအပေါ်ကို တကယ်ချစ်မြတ်နိုးတဲ့ ပြုမူဆက်ဆံပုံတွေကိုတော့ လူတိုင်းမပြပေးနိုင်ကြပါဘူး။
တိချစ်တတ်တယ် ဆိုတဲ့ လူတစ်ယောက်ဟာ တိလေးတွေရဲ့ဝေယျာဝစ္စနဲ့ပတ်သက်လာရင်တော့ တာဝန်ယူပေးဖို့ ဝန်လေးတယ်ဆိုရင် သူချစ်တယ်ဆိုတာသူ့ရဲ့စိတ်ခံစားချက်အတွက်ပါပဲ။
တကယ်ချစ်တဲ့အခါမှာ ကိုယ်ချစ်ရတဲ့အရာရဲ့ အစစအရာရာကို ဆူရင်းပူရင်း မာန်မဲရင်း ကိုယ်တိုင်လိုက်လုပ်ပေးကြတာပါပဲ။
မိခင်တစ်ယောက်ရဲ့မေတ္တာလိုပေါ့။
အသိဉာဏ်၊ အတွေးအခေါ်၊ အင်အား အစစအရာရာ မတူညီကြတဲ့တိရစ္ဆာန်လေးတွေနဲ့လူတွေရဲ့ကြားမှာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာကို ဘယ်အရာကများဖော်ပြပေးပါသလဲ။
သေချာပေါက် အပြုအမူတွေ၊ ပြုစုယုယ ကြင်နာပေးမှုတွေကနေပဲပေါ့။
အဲ့တာကြောင့် ချစ်ခြင်းမေတ္တာဆိုတာဟာ ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းတောင် မပါဘဲ တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းသိရှိအောင် ပြသနိုင်သလို
ချစ်တယ် ဆိုတာကို တစ်ဖွဖွပြောနေပေမယ့်လည်း အမှန်တကယ်ချစ်ကြောင်းကိုမခံစားရစေတဲ့ အပြောသပ်သပ်‌‌ပဲလည်း ဖြစ်နိုင်ပါတယ်။
သင်လည်းဘယ်လိုချစ်ခြင်းမျိုးနဲ့ ချစ်တတ်သလဲ ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။
#animalhealth

image