ပိုးကြာဖြူခင်ရဲ့ အမေ interview ကို နားထောင်ကြည့်တော့ အမျိုးသမီးတွေ အိမ်ထောင်ဖက်ရွေးတဲ့အခါ မေ့နေတတ်တဲ့ အချက်တစ်ချက်ကို သွားတွေ့တယ်
မိသားစုဘဝကို နှစ်သက်တန်ဖိုးထားတဲ့ ယောက်ျား
ဒီစိတ်မျိုးက ယောက်ျားတိုင်းမှာမရှိဘူး တဲ့
တချိုကရှိတယ် မိန်းမယူထားတာက ယူထားတာပဲ
ဒါပေမယ့် ကိုယ့်မယား ကိုယ့်သားသမီးနဲ့ နေရတာ မပျော်ဘူး အပြင်မှာနေရတာ ပျော်တာ တဲ့
အရမ်းမှန်တဲ့စကား
သမီးရည်းစားဘဝမှာ ဘယ်မိန်းကလေးမှ ဒါကို အကဲခတ်လေ့မရှိဘူး ငါ့ကို ချစ်လား မချစ်လားမှာတင် ရွာလည်နေကြတာ
ရည်းစားဘဝတုန်းက မသိသာပေမယ့် အိမ်ထောင်လဲကျရော အပြင်မှာပျော်တဲ့ ယောက်ျားကို အိမ်ထဲမှာ ထည့်ထားဖို မိသားစုဘဝကို တန်ဖိုးထားဖို ကြိုးစားမိတဲ့ မိန်းမတွေ အိမ်ထောင်ရေးအဆင်မပြေတာ ကြုံရတော့တာပါပဲ
အိမ်ထောင်ရေးတခုဟာ သစ္စာဖောက်မှ ရို၊က်နှက်မှ သောက်စားရမ်းကားမှ စိတ်ဆင်းရဲရတာမဟုတ်ဘူးဆိုတာ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ သိသင့်ပါတယ်
စဉ်းစားစေချင်တယ်
ကလေးချီရမှာ ထိန်းရမှာ မနှစ်သက်တဲ့ ယောက်ျား
သားသမီးကို ထိန်းကျောင်းတဲ့နည်းလမ်း မှားတဲ့ ယောက်ျား
အိမ်မှာနေရတာကို အချုပ်ကျသလို ခံစားရတဲ့ယောက်ျား
မိန်းမယူထားပြီး ရှာမကျွေးချင်တဲ့ယောက်ျား
မိသားစုထက် အပေါင်းအသင်းပေါ် ပိုကောင်းတဲ့ယောက်ျား
တွေလိုမျိုး ထိန်းရခက်သူတွေဟာ
တကယ်တန်းတော့ အိမ်ထောင်သာပြုချင်တာ အိမ်ထောင်ပြုပြီးတဲ့အခါ ရလာတဲ့ မိသားစု ဘဝကို တန်ဖိုး မထားကြသူတွေလို သ၊တ်မှတ်ရမှာပါပဲ ♥️#crd