မနက်ခင်းတိုင်းကို
ငြိမ်ငြိမ်သက်သက် ဖြတ်သန်းချင်တာရယ် ..
အဓိပ္ပါယ်ရှိတဲ့ စကားလေးတွေကို
စဉ်းစဉ်းစားစား ပြောချင်တာရယ်
ဆန္ဒတွေကို ကြည်မွေ့ရင်း
လက်လွှတ်ထားနိုင်တာရယ်
ဒါ့အပြင်
တခြား ဘာလိုချင်စရာ ရှိသေးလို့လဲကွယ်
အနည်းဆုံးသာ လိုအပ်သူအတွက်
တခြား ဘာများလိုစရာ ရှိသေးလို့လဲ ....။
#ထက်ထက်ထွန်း (Waterfall)

image