1 w - Translate

Elemental (2023)

Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့
မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။

ဒြပ်မြိုတော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့ မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။

မီးမျိုးနွယ်တွေဟာ မြိုစွန်တစ်နေရာမှာ မီးမြိုလေးဆောက်ပြီး သတ်သတ်နေကြရတာပါ။

အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့ မီးကောင်မလေးတစ်ယောက်ရှိပါတယ်။

သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှယူဖို စောင့်နေရပြီး သူ့အဖေကတော့
အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ ဆိုင်ကိုလွှပေးပြီး အနားယူမှာပါ။

ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့ မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ ပြဿနာတက်လာပါတယ်။

အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး မီးမြိုတော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို
ဖြေရှင်းဖို ကြိုးစားကြတဲ့အခါ…

😍ကြည့်ရန်နှိပ်ပါ👇

t.me/dramaburma/52

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image