မွန်ဘားဆားမြက် (Mombasa guinea grass)
{Panicum maximum cv. Mombasa}
100gm50000
မွန်ဘားဆားမြက်က မိုးခေါင်ဒဏ်ခံနိုင်၊အရိပ်ကျဒဏ်ခံနိုင်တဲ့မြက်မျိုးဖြစ်ပါတယ်။ အရည်အသွေးကောင်း၊အထွက်နှူန်း‌ ‌ကောင်း
တဲ့မြက်မျိုးဖြစ်ပါတယ်။
မွန်ဘာဆားမြက်မျိုးကနေပီယာကဲ့သို့ အပင်ရှည်မျိုး
ဖြစ်ပြီး နေပီယာမြက်ထက် အရွက်ပို၍ဖားလျှက်
ရိတ်ကျွေးရန်အတွက် အလွန်သင့်တော်သောမြက်မျိုး ဖြစ်ပါတယ်။
စားကျက်အဖြစ်လွတ်ကျောင်းဖို့သိပ်မသင့်တော်ပါဘူး။
ပရိုတင်းပါဝင်မှူနှူန်းကတော့ ပျှမ်းမျှ 14_16%ရှိပြီး
တစ် ဧကထွက်နှုန်း ပျှမ်းမျှ 10_15တန်(မြက်အခြောက်)ရှိပါတယ်။
သက်တမ်းကတော့ 4_6နှစ်အထိရှိပါတယ်။
☘️စိုက်ပျိုးနည်း
ကုန်းမြေ ‌မှာစိုက်ပျိုးရန်သင့်လျော်ပါတယ်။
သဲဆန်လွန်းသောမြေ၊ ရေဝပ်သောမြေအနိမ့်ပိုင်းဒေသတွေမှာမစိုက်သင့်ပါဘူး။
အရိပ်ကျတဲ့နေရာမှာစိုက်ပျိုးဖြစ်ထွန်းပေမယ့်အထွက်နှူန်းနည်းနိုင်ပြီး
နေရောင်ခြည်ကောင်းစွာရတဲ့ကွင်းပြင်ကျယ်မှာစိုက်ပျိုးမယ်ဆိုရင် အထွက်နှူန်းကောင်းပါတယ်။
Mombasa guinea grass ကို
_မျိုးစေ့ချစိုက်ပျိုးခြင်း
_ပျိုးထောင်စိုက်ပျိုးခြင်း
_အဆစ်ခုတ်စိုက်ပျိုးခြင်း စတဲ့နည်းလမ်းများနဲ့စိုက်ပျိုးနိုင်ပါတယ်။
_မျိုးစေ့ချစိုက်ပျိုးခြင်း
မြက်စိုက်ပျိုးမည့်မြေတွင်ရှိသော၊ခြုံပင်၊ပေါင်းပင်၊ဆူးပင်များကို ရှင်းလင်း၍ ၊သဘာဝမြေဩဇာ(‌နောက်ချေး)တစ်ဧကလျှင် ( 10တန်) ကြဲပက်၍ မြေကိုညက်အောင်ထွန်ယက်ပါ။
နှစ်ရှည်ရိတ်သိမ်းနိုင်သည်ဖြစ်၍ မြေပြုပြင်ခြင်းကို စနစ်တကျပြုလုပ်ပေးရန်လိုအပ်ပါသည်။
မြေကိုထွန်ယက်ပြီး 5_7ရက်ခန့်လှန်းပေးပါ
ထို့နောက် အသစ်ထပ်ထွက်လာသောပေါင်းပင်များ
ကိုရှင်းလင်းရန်အတွက် မြေကိုညက်ပြီးပွအောင်ထပ်မံထွန်ယက်ပေးပါ။သင့်လျော်သောအစိုဓာတ် ရှိသောအချိန်မှာ
မျိုးစေ့ကို တစ်ဧကလျှင် 3_5kg နှူန်းဖြင့် စိုက်ခင်းအနှံ့ ညီမျှအောင် ကြဲပက်ပေးပြီး မြေပါးပါးဖုံးပေးပါ။
မျိုးစေ့ကြဲစိုက်တဲ့နည်းက မျိုးစေ့လေလွင့်မှူများပြီး
မွန်ဘားဆားမြက်မျိုးစေ့က သေးငယ်တဲ့အတွက်
မြေထူထူဖုံးမိရင်လည်း အပင်ပေါက်နှူန်းမကောင်းတတ်ပါဘူး။
_ပျိုးထောင်စိုက်ပျိုးခြင်း
ပျိုးထောင်စိုက်ပျိုးခြင်း က မျိုးစေ့အလေအလွင့်နည်းပြီး
အပင်ပေါက်နှူန်းကောင်းပါတယ်။
ပျိုးထောင်ခြင်းကလွယ်ကူရိုးရှင်းပြီး ပျိုးပင်သက်တမ်း45မှာ ရွေ့ပြောင်းစိုက်ပျိုးခြင်းဖြင့် အပင်ကိုပိုမိုကြီးထွားစေပြီး အစာအထွက်တိုးစေပါတယ်။
ပျိုးထောင်ခြင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ
ကြက်သွန်ပျိုးထောင်သကဲ့သို့ ထယ်ရေးကောင်းကောင်း
ပြုလုပ်၍ မျိုးစေ့ကို ကြဲပက်ပေးပြီး ထွန်ခြစ်နှင့်ဆွဲဖုံးပေးပါ
သင့်လျှော်သောအစိုဓာတ်ရှိရန်ရေ ဖြန်းပေးပါ
7_14ရက် အတွင်းမျိုးစေ့အညှောက်ပေါက်ပြီး
အပင်အမြင့် 30cm(တစ်ပေ)သို့မဟုတ် အပင်သက်တမ်း45ရက်မှာ ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။
ပင်ကြားတန်းကြားကို တစ်ပေပတ်လည်ထားပေးရပါမယ်။
ဒီနည်းလမ်းကတော့ မြေတစ်ဧကစာအတွက် မွန်ဘားဆားမျိုးစေ့ တစ်ကီလိုသာကုန်ကျပါမယ်ရှင်။
_အဆစ်ခုတ်စိုက်ပျိုးခြင်း
သက်တမ်းရင့်သောမွန်ဘားဆားမြက်ပင်ကို
ကြံကဲ့သို့အဆစ်ခုတ်ပွားယူစိုက်ပျိုးခြင်းကလည်း
အပင်ဖြစ်နှူန်းမြန်စေပါတယ်။
☘️စိုက်ပျိုးရန်သင့်တော်သောအချိန်
_စိုက်ပျိုးမည့်မြေကို March_April လများမှာမြေပြုပြင်ပြီး
မျိုးစေ့ပေါက်ရန် သင့်တော်သည့်မြေအစိုဓာတ်ရှိသော
May_July လများတွင် မျိုးစေ့ကြဲပက်စိုက်ပျိုးသင့်ပါတယ်။
☘️မြက်ခင်းပြုစုထိမ်းသိမ်းခြင်း
_မြေဩဇာကျွေးခြင်း
မြက်စိုက်ရန်မြေပြုပြင်သောကာလတွင်
မြေဩဇာ N_P_K(15_15_15)အချိုးကို တစ်ဧကလျှင်
125 kg ထည့်ပြီးထွန်ယက်ပေးပါ
မျိုးစေ့ကြဲပြီး 14ရက် သို့မဟုတ် ပျိုးပင် သန်မာသောအချိန်တွင်
46_0_0 ယူရီးယား ကို တစ်ဧကလျှင် 25_50kg ကြဲပက်ပေးပါ။
မြက်ခင်းကိုရိတ်သိမ်းပြီးတဲ့အခါတိုင်း
မြေဆီလွာအားဖြည့်ရန်အတွက်
သဘာဝမြေဩဇာ၊ဓာတ်မြေဩဇာကိုသင့်တော်သလိုကျွေးပေးရပါမယ်ရှင်။
_ရေပေးဝေခြင်း
မိုးရာသီမှာ မြေအစိုဓာတ်ရှိလို့ ရေပေးစရာသိပ်မလိုပေမယ့်။
ခြောက်သွေ့ရာသီမှာ သင့်တော်သလိုရေဖြန်းပေးရပါမယ်။
_ရိတ်သိမ်းခြင်း
မွန်ဘားဆားမြက်ကို စိုက်ပြီးရက် 60မှာ ပထမဆုံးအကြိမ်အနေနဲ့
ရိတ်သိမ်းနိုင်ပြီး၊ နောက်ပိုင်းကာလတွေမှာ
30_45ရက်တကြိမ် ရိတ်သိမ်းနိုင်ပါတယ်။
ခြောက်သွေ့ရာသီမှာ ကြီးထွားနှူန်း နှေးတဲ့အတွက်
45_60ရက်တစ်ခါ ရိတ်သိမ်းနိုင်ပါတယ်။
_ပေါင်းရှင်းခြင်း
မြက်မျိုးစေ့မကြဲပက်မီ မြေကိုထွန်ယက်၍ 5_7ရက် လှန်းပေးခြင်းပြီး မြေကိုညက်အောင်ပြန်လည်ထွန်ယက်ခြင်းဖြင့် မျိုးစေ့အညှောက်ပေါက်ချိန်မှာ ပေါ်‌ေပါက်လာမယ့်
ပေါင်းမြက်များကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
အပင်အညှောက်ထွက်ပြီး 3_4ပတ်မှာ ပေါင်းမြက်များရှိပါကရှင်းလင်းပေးရန်လိုအပ်ပြီး မြက်အပင်ကြီးထွားသန်စွမ်းလာပါက ပေါင်းမြက်ရှင်းပေးရန်
မလိုအပ်တော့ပါ။
☘️အသုံးပြုခြင်း
_မွန်ဘားဆားမြက်ကို ကျွဲ၊နွားများအတွက်အဓိကအစာစိမ်းအဖြစ်အသုံးပြုနိုင်ပြီး မြက်ချဉ်ဖတ်၊မြက်ခြောက်ပြုလုပ်၍လည်းသိမ်းဆည်းထားနိုင်ပါတယ်။
မြက်ပင်အမြင့်60_70cmအရွယ်မှာ အဟာရဓာတ်အပြည့်ဝဆုံးအရွယ်ဖြစ်ပါတယ်။
စိုက်ပြီး ပထမနှစ်မှာ အပင်အမြှစ်တွေ သိပ်မသန်သေးတဲ့အတွက် ကျွဲ၊နွားလွတ်ကျောင်းခြင်းမပြုသင့်သေးပါဘူး
ဒုတိယနှစ်မှစပြီး စိုက်ခင်းကို စားကျက်မြေအဖြစ်အလှည့်ကျ အသုံးပြုနိုင်ပါတယ်
Credit

image