မုန့်ဖက်ထုတ် စားချင်တဲ့အခါ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရအောင် မုန့်ဖက်ထုတ်လုပ်နည်းလေး တင်ပေးလိုက်ပါတယ်
- မွှေးကောက်ညှင်းမှုန့် ၁ ထုတ်ခွဲ
- မွှေးဆန်စိမ်းမှုန့် ၁ ဇွန်း
- ဆားအနည်းငယ် ရေ နဲ့ရောနယ်ပြီး
(တစ်ထုတ်စာ အလုံးကြီးတွေ လုံးထားတာ ၈ ထုတ်ရပါတယ်)
- အုန်းသီးတစ်ခြမ်းခြစ်ပြီး
- သကြား 3 Tbs အုန်းရည် 3 Tbs နဲ့
ရေခမ်းပြီးခြောက်သွားသည်အထိ အုန်းယိုထိုးပါ
(၈ ထုတ် ကို အခုယိုထိုးထားတာ တစ်ဝက်ဘဲကုန်တယ်)
ဌက်ပျောဖက် ကို ဆီသုတ်ပြီး ကောက်ညှင်း လုံးထဲ အုန်းယို ဌာပနာပြီး ထုတ်ပါ။
ရေဆူပြီး ၄၅ မိနစ် - ၁ နာရီ ခန့်ပေါင်းပါ။
ကိုယ်တိုင်လုပ် ဆိုတော့ သန့်ရှင်းပြီး စားလို့ကောင်းနေရောဘဲ အချိုလည်းမများ တော့ ပိုစားကောင်းတာပေါ့ 😋😋
#credit_to_original_writer #ဟင်းချက်နည်း #ဟင်းချက်နည်းများ

image