1 w - Translate

ပြည့်တန်ဆာက ငွေထုပ်ပိုက်ပြီး
ဂုဏ်ဆာပြနေတော့
“ငွေဟာ လူ့ဂုဏ်သိက္ခာ မဟုတ်ဘူးဆိုတာ
ကလေးတွေကို ပြောပြရမယ်” ဆိုတဲ့
အမေစုရဲ့ စကားကို ကြားယောင်မိတယ်။
အုပ်ချုပ်သူ ဘယ်လောက်ညံ့ဖျင်းကြောင်း
ပြည့်တန်ဆာတောင် ဇောင်းကြွတဲ့ နိုင်ငံ။
“ပြည့်တန်ဆာအလုပ်ဟာ
အနှိမ်ခံ အလုပ်မဟုတ်သလို
ကြွားဝါရမယ့် အလုပ်လည်းမဟုတ်ပါ”
ရင်းစရာ ပညာ၊ ဥစ္စာမရှိ
ခန္ဓာ ကို ရင်းရတဲ့ ဘဝတွေမို့
ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ။
အခုတော့
ခေတ်ပျက်မှာ ဘဝမပျက်ချင်ရင်
“ငွေမြင်ရင် လင်လုပ်” မှ သက်သာမယ်ဆိုတဲ့
အဆိပ်ငွေ့ကို ငါတို့ကလေးတွေ
ရှူရှိုက်မိနေပြီ။
စစ်ဖြစ်မှ တိုင်းပြည်ပျက်တာ မဟုတ်ဘူး။
စာရိတ္တ ပျက်ရင်လည်း တိုင်းပြည်ပျက်တာပဲ
ဆိုတာ ကလေးတွေကို
သေချာပြောပြရတော့မယ်။

image