အိမ်မှာ မကြာခဏ လုပ်စားဖြစ်တဲ့ မိနူးလေး။ 🤡
လွယ်ကူရိုးရှင်းတဲ့ ထိုင်းစတိုင် ခေါက်ဆွဲခြောက်ပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲလေးတွေက ရွှဲရွှဲစိုစိုနဲ့ ပျော့အိအိလေး ဖြစ်နေမှာပါ။
ပါဝင်ပစ္စည်းများ......
* ကြက်သွန်ဖြူဆီချက် (garlic oil) – ၂ ဇွန်း
* ပဲငံပြာရည်အချို – ၁ ဇွန်း (မကြိုက်ရင် ½ ဇွန်းပဲ ထည့်ပါ)
* ခရုဆီ – ၄ ဇွန်း
* ဟင်းခတ်ဆော့စ် (အစိမ်းရောင်အဖုံး) – ၃ ဇွန်း
* ငရုတ်သီးဆော့စ် – ၂ ဇွန်း
* ရှာလကာရည် – ၁ ဇွန်း (သံပရာရည်နဲ့ အစားထိုးနိုင်ပါတယ်)
* သကြား – ၁½ ဇွန်း
* ငရုတ်သီးမှုန့် – ၂ ဇွန်း
* ရေ – ၃ ဇွန်း
* မြေပဲလှော်အမှုန့် – ကြိုက်နှစ်သက်သလောက်
* ပဲပင်ပေါက်
* နံနံပင်နဲ့ ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
* အကြိုက်ဆုံး အသားလုံး
* ခေါက်ဆွဲဖတ် (အကျယ်ကြီး) – ၃၅၀ ဂရမ်
(ခေါက်ဆွဲအများကြီး ကြိုက်ရင် ၄၅၀ ဂရမ် သုံးနိုင်ပါတယ်)
ပြုလုပ်နည်း.......
၁။ ပထမဆုံး ဆော့စ်အရည်ကို ပြင်ဆင်ပါ။ အိုးတစ်လုံးထဲမှာ ပဲငံပြာရည်အချို၊ ခရုဆီ၊ ဟင်းခတ်ဆော့စ်၊ ငရုတ်သီးဆော့စ်၊ ရှာလကာရည်၊ သကြား၊ ငရုတ်သီးမှုန့်နဲ့ ရေတို့ကို ရောမွှေပါ။ (ချက်ချင်းမသုံးသေးဘူးဆိုရင် မီးဖိုပေါ်မှာ အပူပေးပြီး သကြားတွေ အရည်ပျော်တဲ့အထိ မွှေပေးပါ။)
၂။ ရေဆူဆူထဲမှာ ခေါက်ဆွဲဖတ်၊ ပဲပင်ပေါက်နဲ့ အမဲသားလုံးတို့ကို ပြုတ်ပါ။
၃။ ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ဆော့စ်ရည်ထဲ ထည့်ပြီး ရောမွှေပါ။ ပြီးနောက် ကြက်သွန်ဖြူဆီချက်၊ နံနံပင်နဲ့ ကြက်သွန်မြိတ် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
