မန်ချက်စတာယူနိုက်တက်ရဲ့ ရလဒ်တွေဆိုးရွားနေမှုကြောင့် ရူဘင် အမိုရင်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေရှိနေချိန်မှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာခဲ့ပါတယ်။
အဲဒီအပြောင်းအလဲတွေကဘာတွေလဲဆိုရင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ၂ ဦးဖြစ်တဲ့ အိုလေ ဂန်နာ ဆိုးလ်ရှားနဲ့ ဂျိုဆေး မော်ရင်ဟိုတို့ကို သက်ဆိုင်ရာအသင်းတွေက ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ဒါဟာ တိုက်ဆိုင်မှုဆိုရင်တောင် သာမန်မဟုတ်တဲ့ တိုက်ဆိုင််မှုလို့ ပြောရမှာပါ။
ကြာသပတေးနေ့မနက်မှာ ဘက်ရှစ်တက်အသင်းက နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲလိုက်ပြီ​ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ညပိုင်းမှာပဲ တူရကီထိပ်တန်းအသင်းဖြစ်တဲ့ ဖီနာဘာချီအသင်းကပါ မော်ရင်ဟိုကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုး ဝါရင့်နည်းပြကြီးက ဖီနာဘာချီကို ချန်ပီယံလိဂ်အုပ်စုအဆင့်ဝင်ခွင့် အောင်မြင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့နောက် ဖီနာဘာချီက လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် နည်းပြရာထူးအတွက် ဖိအားတွေခံနေရတဲ့ အမိုရင်အတွက် အန္တရာယ်အချက်ပေးသံဖြစ်လာခဲ့ပြီဖြစ်ပြီး မန်ယူနိုက်တကအသင်းပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က မော်ရင်ဟိုကို သဘောကျနှစ်သက်သူဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်ကို စပယ်ရှယ်ဝမ်း ပြန်ရောက်လာတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Photo credit to owner

image