ါးရံ့အသား များများနဲ့ လူကြိုက်များတဲ့
အလုံက … “ ပွါးလေး “ ပုသိမ်မုန့်ဟင်းခါး
“ ပွါးလေး “ မုန့်ဟင်းခါးဆိုရင်
မုန့်ဟင်းခါးကြိုက်တဲ့လူတိုင်းနီးပါးက အကြိုက်တွေ့ပြီးသား ။ အလုံမြို့နယ် အပြင် အဝေးက တမင်လာစားကြတဲ့ ဧည့်သည်တွေကြောင့်က မသိတဲ့လူဆိုရင် အလှူပေးနေသလား ထင်ရပါတယ် ။
😘 ဆိုင်ကတော့ ဆိုင်အကြီးကြီးမဟုတ်ဘူး ဗျ
အိမ်ဆိုင်ကိုဘဲ အပြင်မှာ tent ထိုးပြီးရောင်းတာ ။
ဒီဆိုင်ရဲ့ စေသနာအားဖြင့်
အအေးနဲ့ ကော်ဖီက free ယူသောက်ဖို့ချထားပေးတယ် ။ ပြီးတော့ မုန့်ဟင်းခါး အရည်ထပ်တောင်းလည်း ငါးရံ့အသားတွေပါ ထပ်ဖြည့်ပေးတာ ၊ ပိုက်ဆံ ထပ်မပေးရဘူး ။
#အရသာကတော့
ပုသိမ်စတိုင် မုန့်ဟင်းခါးကို ပဲပင်ပေါက် / ပူစီနံ / ပဲသီး / နံနံ အရွှက်တွေနဲ့ ထည့်စားရတာ …
တကယ်ကောင်းတယ် ။
စျေးနူန်းကတော့ မုန့်ဟင်းခါး အလွတ်၁ ပွဲကို ၃၀၀၀ ကျပ်ပေးရပါတယ် ။
( အလွတ်ဆိုပေမယ့် ဟင်းရည်မှာ ငါးရံ့အသားတွေ ထည့်ပြီးသားပါနော် )
ဆိုင်ကတော့ မနက်ကနေ ညနေ ၆ နာရီကျော်လောက်အထိ ဖွင့်တယ်လို့ သိရပါတယ်
သွားစားမယ်ဆိုရင်
➡️ “ ပွါးလေး ပုသိမ်မုန့်ဟင်း “ လို့ Google map မှာရှာပြီး သွားစားလို့ရတယ် နော်
ဆိုင်ဖုန်းက 09421027687 ပါ ။
နေရာက အမှတ် (၅) မြေညီ ၊ နှင်းဆီကုန်းလမ်း နှင့် ဝေဘာဂီလမ်းထောင် အလုံမြို့နယ် မှာပါနော်
#foodinyangon 🩷
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
