2 w - Translate

2018ထွက် Craig of the Creek ဆိုတဲ့ American Cartoon Seriesက Season 5ခုထွက်ခဲ့ပြီး လူကြိုက်များတဲ့ Comedy seriesတစ်ခုဖြစ်ပါတယ်။ အဲဒီ seriesကိုမှ movie versionအနေနဲ့ “Craig before the Creek 2023 movie” သက်သက် ထွက်ရှိခဲ့ပါတယ်။ကလေးကြိုက်ကာတွန်းသီးသန့်မဟုတ်ပဲ လူကြီးတွေပါအကြိုက် ရယ်ရပြီးကြည့်လို့ကောင်းတဲ့ကာတွန်းပါနော်ဇာတ်လမ်းအကျဉ်း
ခရက်ဆိုတဲ့ ၁၀နှစ်သားကောင်လေးက မိသားစုနဲ့အတူ အိမ်ပြောင်းကျောင်းပြောင်းခဲ့ရလို့ စိတ်ဖိစီးနေတယ်။ အိမ်အသစ်က အရင်အိမ်လောက်မပြည့်စုံ.. သူငယ်ချင်းဖွဲ့ရတာလည်းမလွယ်တော့ အပြောင်းအလဲကိုလက်မခံနိုင်ဖြစ်နေတဲ့ခရက်က တစ်နေ့ အိမ်အသစ်မှာပဲ မြေပုံတစ်ခုကိုရှာတွေ့သွားတယ်။အဲဒီမြေပုံကတော့ ကလေးတွေအတွက် လိုရာဆုကိုတောင်းလို့ရတဲ့ပစ္စည်းရှိတဲ့ တည်နေရာရဲ့မြေပုံပါ။ ခရက်ရဲ့ဆုတောင်းကတော့ အရင်အိမ်မှာပြန်နေရဖို့ပါပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းက ပင်လယ်ဓားပြကလေးတွေလို့ခေါ်တဲ့ ခိုးဆိုးလုယက်ကလေးအဆိုးတွေကျက်စားတဲ့ ချောင်းတက်မှာရှိနေတဲ့အခါ…

image