အားလုံးပဲ မင်္ဂလာပါဗျာ 🙏🏻
ဒီနေ့ ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ ယောဂကျင့်စဉ်ရဲ့ အရေးကြီးဆုံးနဲ့ အနားယူ အပန်းဖြေမှုကို အပြည့်အဝပေးနိုင်တဲ့ "Savasana" လို့ခေါ်တဲ့ "အလောင်းကောင်ပုံစံ" အကြောင်းပဲ ဖြစ်ပါတယ်။
"Savasana" ဆိုတာက ယောဂကျင့်စဉ်တွေရဲ့ အဆုံးမှာ ခန္ဓာကိုယ်ကို လှဲချပြီး မျက်လုံးမှိတ်၊ ခြေထောက်တွေ ခပ်ကျဲကျဲကား ပြီး လက်ဖဝါးတွေကို အပေါ်လှန်ကာ အနားယူတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ရိုးရိုးလှဲအိပ်တာမျိုးနဲ့မတူဘူးဗျ
"Savasana"က သတိရှိရှိနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဖြေလျှော့ပြီး စိတ်ကို ငြိမ်သက်အောင် ထားရတဲ့ အနားယူခြင်းတစ်မျိုးပေါ့နော် ယောဂဆရာတော်တော်များများကတော့ Savasana ကို "ယောဂကျင့်စဉ်ရဲ့ အရေးကြီးဆုံး ကိုယ်ဟန်" လို့တောင် တင်စားပြီးခေါ်ကြတယ်ဗျ ။
ဒီတော့ Savasana ကို ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကျွန်တော်တို့က စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျစေတယ် ၊နှလုံးခုန်နှုန်းမှန်လာမယ် ၊ သွေးဖိအား ကျလာမယ် ၊ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ လျော့နည်းလာပြီး စိတ်က ပိုပြီး ငြိမ်သက်အေးချမ်းလာပါတယ် ။စိတ်ခံစားမှု ကယောက်ကယက်ဖြစ်နေတဲ့သူတွေအတွက်လည်း အထောက်အကူပြုပါတယ်ဗျ ပြီးတော့ ယောဂလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါ ကျွန်တော်တို့ရဲ့ ကြွက်သားတွေနဲ့ တစ်ရှူးတွေမှာ တင်းမာမှုတွေ ဖြစ်တတ်ပါတယ် ။ Savasana က ဒီတင်းမာမှုတွေကို လုံးဝဖြေလျှော့ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ အနားယူစေပါတယ် ။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တဲ့သူတွေအတွက် Savasana က အထူးသင့်တော်တယ်ဗျ ၊ ပုံမှန် Savasana လေ့ကျင့်ခြင်းအားဖြင့် စိတ်ကို ငြိမ်သက်စေပြီး နှစ်ခြိုက်စွာ အိပ်စက်စေပါတယ် ။ နောက်တစ်ခုကတော့ အာရုံစူးစိုက်မှုနဲ့ စိတ်ကြည်လာစေခြင်းပါ ခန္ဓာကိုယ် တည်ငြိမ်ပြီး စိတ်ကို အသက်ရှူခြင်းအပေါ်မှာပဲ အာရုံစိုက်လိုက်တဲ့အခါ စိတ်ထဲက ပေါ်လာတဲ့ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းသွားစေပါတယ် ဒါကြောင့် စိတ်က ပိုကြည်လင်လာပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း တိုးတက်လာပါလိမ့်မယ်။နောက်တစ်ခုကတော့ Savasana လုပ်နေချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးသွားတဲ့အတွက် သွေးတိုးရှိသူတွေအတွက် သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။
ဒီတော့ Savasana ဟာ ရိုးရှင်းပေမယ့် ကောင်းကျိုးတွေ အများကြီး ပေးစွမ်းနိုင်တဲ့ ယောဂကိုယ်ဟန်တစ်ခု ဖြစ်ပါတယ် ဒါကြောင့် ကျွန်တော်တို့က ယောဂလေ့ကျင့်ခန်းတိုင်းရဲ့ အဆုံးမှာ Savasana ကို မိနစ်အနည်းငယ် (အနည်းဆုံး ၅ မိနစ်ကနေ ၁၅ မိနစ်အထိ) အချိန်ပေးပြီး လေ့ကျင့်ဖို့ တိုက်တွန်းချင်ပါတယ် ဒါမှ ကိုယ်ကျင့်ခဲ့တဲ့ ယောဂရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်ဗျာ ။
ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါမယ်ဗျ ဖတ်ရှု့ပေးကြတဲ့တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ🩶

image