အမေဇုန်ဒေသက Pirahã လူမျိုးစုမှာ ဂဏန်းအခေါ်အဝေါ်တွေအတွက် စကားလုံးမရှိပါဘူး သူတို့ဟာ ပမာဏကို "အနည်းငယ်" (a few) ဒါမှမဟုတ် "အများကြီး" (many) လို့သာ ဖော်ပြကြပြီး အတိအကျရေတွက်တာထက် ခန့်မှန်းပြီးဘဲပြောဆိုကြပါတယ် ဥပမာ - ငါးတစ်ကောင်ကို ဖမ်းမိတယ်ဆိုရင် "ငါးတစ်ကောင်" လို့ မပြောဘဲ "ငါးနည်းနည်း" လို့ဘဲပြောကြပါတယ်
ဒီလိုထူးခြားတဲ့ ဘာသာစကား နဲ့ နံပါတ်စကားလုံး မရှိတာဟာ သူတို့ရဲ့ အတွေးအခေါ်နဲ့ သင်္ချာဆိုင်ရာ တွက်ချက်မှုတွေကို အခက်အခဲရှိစေနိုင်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts