မိမိအိမ်မှာ ပဒဲကောပန်းရှိတယ်ဆိုရင် မြန်မြန်စားလိုက်ပါ။
အာရုံကြောအဖျားရောင်ခြင်း၊ လက်ထုံကျင်ခြင်း၊ နိုးလာချိန်မှာ အပူလှိုင်းဝင်သလို ခံစားရခြင်း (သို့) အတွင်းကျတဲ့
ရေယုန်ကြောင့် ကိုယ်လက်တွေ ပူလောင်နေသူများအတွက် ပဒဲကောပန်းကိုစားပေးပါ။ အရမ်းကောင်းပါတယ်။
ပဒဲကောပန်းကို စားပေးခြင်းအားဖြင့် လေဓာတ်လည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းကဓာတ်တွေ ဟန်ချက်ညီစေကာ လေထိုးလေအောင့်၊ အစာမကြေခြင်းများကိုလည်း သက်သာစေပါတယ်။
အစိမ်းလိုက်၊ ပြုတ်၊ ခပ်ပူပူဟင်းရည်လုပ်၍ သောက်နိုင်သလို ဟင်းလျာအနေနဲ့လည်း ချက်စားနိုင်ပါတယ်။ မကြာခဏစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ မေလထဲမှာဆို ပဒဲကောပန်းအများဆုံးပေါ်တဲ့အချိန်ပါနော်.......! 😍😍😍
