ကင်းသာရေထိမ်းတမံ နှင့် ဆင်ေ-သရေလွှဲဆည်တို့ကို ကြိုတင်ကာကွယ်မှုလုပ်နေ
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာခဲ့၍ ကင်းသာရေထိမ်းတမံအတွင်း စီးဝင်ရေ များလျှက်ရှိသည်။ထို့ကြောင့် တမံဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်နေမှုများကို ဆည်မြောင်းဌာနကလုပ်ဆောင်နေကြသည်။
ဆင်ေ-သရေလွှဲဆည်ရှိ ယာယီရေတားတမံ မကျိုးပေါက်ရေးအတွက်ရေတံခါးများမှရေများထုတ်လျှက်ရှိသလို ရေပေးမြောင်းများ ထိခိုက်မှုနည်းအောင်ကာကွယ်လျှက်ရှိသည်။
