ဘန်ကောက်မှာ EV လှေတက္ကစီတွေ စတင်ပြေးဆွဲ 🛥️🇹🇭😱
ထိုင်းနိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်တက္ကစီလှေ (EV Taxi Boats) တွေကို အခု စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒီလှေတွေကို ထိုင်းနိုင်ငံမှာပဲ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေ (100% recycled materials) နဲ့ သန့်ရှင်းစွမ်းအင်ကိုသုံးပြီး တီထွင်ထုတ်လုပ်ထားတာပါ။
အခုလောလောဆယ်မှာတော့ လှေနှစ်စင်း စတင်ပြေးဆွဲနေပြီး တစ်ခေါက်ကို ခရီးသည် ၈ ယောက်အထိ လိုက်ပါနိုင်ပါတယ်။ ပျမ်းမျှအမြန်နှုန်းကတော့ တစ်နာရီကို ၁၂ ကီလိုမီတာ ဖြစ်ပြီး နောက်ပိုင်းမှာ အရှိန်ပိုတင်နိုင်အောင် စီစဉ်ထားပါတယ်။
လှေငှားစီးမယ်ဆိုရင် App ကနေတစ်ဆင့် တက္ကစီငှားသလို လွယ်လွယ်ကူကူ ငှားစီးနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ တစ်ယောက်ကို တစ်ခေါက်အတွက် ဘတ် ၆၀ ကနေ စမှာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၆ နာရီအတွင်း အချိန်ပိုင်းနဲ့လည်း စင်းလုံး ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ (လိုအပ်ရင် အချိန်တွေ တိုးပေးသွားဖို့လည်း ရှိပါတယ်)
ဒီဝန်ဆောင်မှုကို လာမယ့် စက်တင်ဘာလမှာ ဘန်ကောက်မြို့ရဲ့ ရေလမ်းကြောတွေဖြစ်တဲ့ Khlong Phadung Krung Kasem ကနေ Khlong Bang Lamphu နဲ့ Khlong Ong Ang ကနေ Khlong Saen Saep တို့မှာ တရားဝင် စတင်တော့မှာ ဖြစ်ပါတယ်။
Photo crd
#sawasdeenews
