2 w - Translate

၂၉ မိနစ်ကျော် ရေငုပ်ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သူ
ခရိုအေးရှားနိုင်ငံသား အလွတ်ရေငုပ်သူ ဗစ်တိုမာမာရီဆစ်က ရေအောက်မှာ ၂၉ မိနစ်၊ ၃ စက္ကန့် ရေငုပ်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ မာရီဆစ်ရဲ့ ကြိုးပမ်းမှုကို အကဲဖြတ် စောင့်ကြည့်သူ ဒိုင်လူကြီး ၅ ဦးနဲ့ ပရိသတ် ၁၀၀ လာရောက်ကြည့်ရှုခဲ့ကြပြီး ယခင်စံချိန်ဟောင်းကို ၅ မိနစ်နီးပါး ချိုးဖျက်နိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ စက္ကန့် ၃၀ ကနေ စက္ကန့် ၉၀ ကြားသာ ရေငုပ်နိုင်စွမ်းရှိပြီး ထိပ်တန်းရေငုပ်သူတွေဟာ အောက်ဆီဂျင်အိုးမပါဘဲ ၁၀ မိနစ်ကနေ ၁၁ မိနစ်ကြားသာ ရေငုပ်နိုင်စွမ်း ရှိပါတယ်။ ပင်လယ်ဖျံတစ်ကောင်ဟာ မိနစ် ၃၀ ကြာအထိ ရေငုပ်နိုင်စွမ်းရှိပြီး မာရီဆစ်ရဲ့ လက်ရှိစံချိန်က ပင်လယ်ဖျံတစ်ကောင်ရဲ့ စွမ်းဆောင်ရည်နီးနီး ရှိခဲ့တာပါ။
မာရီဆစ်ဟာ အခုလို ကမ္ဘာ့စံချိန်တင် ကြိုးပမ်းမှုမတိုင်မီ သန့်စင်တဲ့ အောက်ဆီဂျင်ကို ၁၀ မိနစ်ကြာ ရှုသွင်းပြီး သူ့သွေးထဲမှာ အောက်ဆီဂျင် ၅ ဆ ပိုမိုပြည့်ဝနေအောင် လုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင် ခန္ဓာကိုယ်၊ စိတ်၊ အကြောက်တရားတွေကို ထိန်းချုပ်နိုင်အောင်လည်း ပြင်ဆင်ခဲ့ရပါသေးတယ်။

image