အဆိုတော်ဂျေဂျေလင်းနဲ့အတူ သီချင်းအသစ်မှာ ပါဝင်သီဆိုထားတဲ့ မင်းသားကြီး ဂျက်ကီချမ်း
စင်ကာပူလူမျိုးအဆိုတော် ဂျေဂျေလင်းဟာ အသက် ၇၁ နှစ်အရွယ် ကိုယ်ခံပညာအကျော်အမော်မင်းသားကြီး ဂျက်ကီချမ်းနဲ့အတူ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မှာပါ။ သီချင်းနာမည်ကတော့ ထူးထူးခြားခြားလေးပါ။ "Skibidi" လို့ အမည်ပေးထားပါတယ်။
"Skibidi" ဆိုတာက "Skibidi Toilet" ဆိုတဲ့ YouTube စီးရီးကနေ ရေပန်းစားလာတဲ့ လူငယ်တစ်ဦးရဲ့ဘန်းစကားပါ။ ဒီသီချင်းက ပေါ့ပ်ယဉ်ကျေးမှုမှာ Skibidi ဘန်းစကားနဲ့ အနည်းငယ်သာသက်ဆိုင်ပါတယ်။ Chorus ပိုဒ်မှာ Skibidi လိုမျိုး ယောင်ဝါးဝါးအသံ "No we can't skip a beat" ဆိုပြီး ထည့်ထားပါတယ်။
