" အမော်ရင် မထုတ်သေးသ၍ မန်ယူနိုက်တက် တိုင်ပတ်နေအုန်းမှာပဲ။
ဒီ နည်းပြ က ခေါင်း မာ တာ ... မဖြစ်သင့်တဲ့ ဒီ ပုံစံကို ထုတ်လို့ ဒီလိုရှုံးနေတာ။ "
Calm and easy bros..
ဒီစကားကို ကျနော်ပြောရင် ဘရိုတို့ ကျနော့်ကို
မင်းက ဘယ်လောက်သိလို့ လည်းဆိုပြီး ဆဲကြလိမ့်မယ်၊
အမော်ရင်ဖန် ဆိုပြီးလည်း ခေါင်းစဉ်တပ်ကြပါလိမ့်မယ်၊
ဘရူနိုဖန်ဆိုပြီးလည်း ခေါင်းစဉ်တပ်ကြပါလိမ့်မယ်။
ဒါက အခုတည်းမှမဟုတ်ပါဘူး, ဟိုးအရင် တည်းက
ကျနော်တို့ ဒီစကားပြောလိုက်တိုင်း ဒီနည်းပြရဲ့ ဖန်ဆိုပြီး သမုတ်နေကျမို့ သိပ်တော့အဆန်းမဟုတ်ပါဘူး။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ နှစ်က ဘာ ကို မှ မျှော်လင့်မထားပါနဲ့။ ကျနော်တို့တွေ သောက်မှတ်လည်းမရှိကြသေးဘူး။ နည်းပြ တစ်ယောက်လာလိုက်
တစ်နှစ်ကျော် ၂ နှစ်လောက်သုံးလိုက် ၊ ဒီလို သောက်သံတွေထွက်လာလိုက် အသင်းက ထုတ်လိုက်၊ နောက်တစ်ယောက်လာလိုက်၊ သူ့ ကစားကွက်နဲ့ ကိုက်တဲ့ သူတွေခေါ်လိုက်၊ ထပ်ထွက်သွားလိုက်၊ ကစားသမားတွေကျန်လိုက် နဲ့
“ ဒီအသင်းကို ဆွဲချနေတာ ၅၀% က အသင်းဘက်က ဆိုပြီးခေါင်းစဉ်တပ်ရင် ကျန်တဲ့ ၅၀% လောက်က ဒီ ပရိတ်သတ်တွေကိုယ်တိုင်ပဲ “
ခများတို့ အရင်အချိန်က ဆာအဲလက်စ်ဖာဂူဆန်ခေတ်မှာ ဖလားတွေဘယ်လိုရခဲ့တာ၊ ဘယ်လိုတွေနိုင်ခဲ့တာဆိုပြီး သောက်လေကြီးလေကျယ်ပြောလို့မရဘူး။ ဆာအဲလက်စ်ကိုယ်တိုင် နည်းပြအဖြစ် လုပ်နေလည်း ဒီအသင်းက ဒီပုံစံဖြစ်နေမှာပဲ၊ ပရိတ်သတ် က နိုင်ပွဲ လိုချင်တာကို လက်ခံပါတယ်။ သို့ပေမယ့် ဒီအသင်း ပရိတ်သတ်တွေက ခု ရေတွင်းတူး ခုရေကြည်သောက်ချင်တာများနေတယ်။
ခေါ်လိုက်တဲ့ တိုက်စစ်မှူးက ချက်ချင်းဂိုးသွင်းမှ
ဂိုးမသွင်းနိုင်ရင် တကယ့် သောက်သုံးမကျတဲ့ ကစားသမားဆိုပြီး UK မှာရော World Wide ရော စာရင်းသွင်းတယ်။
ကစားသမားတွေ pressure ပိတယ်၊
အခု အသင်းက ထွက်ချင်ပါတယ် ဂျီကျနေတဲ့ကောင်တွေက သူတို့ သောက်သုံးမကျတာလည်းများတယ်၊
ခင်များတို့ ကိုယ်တိုင် ဆွဲချ တာလည်း ပါတယ်၊
ကို့ အသင်းကို ဘယ်လို support လုပ်ရမလဲ
ကို့ကစားသမားကို ဘယ်လို support လုပ်ရမလဲမတွေးဘူး။
အရမ်း hype, အရမ်း မြှောက် ပေးပြီး ကို့မျက်လုံးထဲ သောက်သုံးမကျတော့ဘူးထင်တာနဲ့ ချက်ချင်းကို နင်းချေပစ်တာ ...
ခုလည်း အမော်ရင် က ဒီလို နည်းပြ ဆိုတာ သိသိနဲ့ အသင်းကိုခေါ်ပြီး ကစားကွက်ကို ၄-၂-၃-၁ မကစားလို့ ဆိုပြီး သောက်ဖောင်းထိုင်ထုတယ်။ဘရူနို နဲ့ main oo က ကစားတဲ့နေရာချင်း တူတယ်များထင်နေလားမသိဘူး။
ဘရူနိုကြောင့်ပဲ mainoo က ကစားခွင့်မရတာလိုလို ပြောလိုက် ရေးလိုက်၊ဘယ်သူဖန်မှာတော့မဟုတ်ဘူး ဒါပေမယ့် ကျနော်အတွက်ကတော့ကစားသမားတစ်ယောက်ကို ပယ်နယ်တီ မဝင်လို့ဆိုပြီး သောက်ပြစ်တွေထိုင်ပြောနေဖို့ကတော့ တော်တော်ရှက်တယ်ဗျ။
ဒီကစားသမားက ဒီအသင်းကို Carried လုပ်လာတာ နှစ်တွေများပါပြီ။ နောက်ပြီး အသင်းက ဖြစ်ပုံဖြစ်နည်းတွေက တစ်ပုံတည်းဖြစ်တာများတယ်။ အသင်းရဲ့ အဓိက ကစားသမားလို ဖြစ်လာတဲ့ position တွေ ဒါဏ်ရာ များတယ်။ ဒီ ကစားသမားတွေ မရှိချိန် အသင်းက ခါ ထွက်သွားတယ်။ တစ်ဦးတစ်ယောက်ကောင်း နဲ့ ဆွဲတင်လာတာများတယ်။ ဖူလ်ဟမ် ပွဲနေ့ကဆို ကျိန်းသေ ဂိုးရမယ့် အလုံးတွေသာ ဝင်ခဲ့ရင် ဘရူနို ပယ်နယ်တီ လွဲတယ်ဆိုတာလည်း ဒီလောက် Topic မဖြစ်လာတော့ဘူး။
ချေပဂိုးပေးလိုက်ရသည့်တိုင်အောင် ဒီလောက် ပြောစရာဖြစ်မလာတော့ဘူး။
ခင်ဗျားတို့နဲ့ အမြင်မတူဖြစ်သွားရင်လည်း Sorry ပါ။
ကျနော်တို့က အသင်းကို support till we die,
ကျနော်တို့ ကစားသမားတွေကို support till we die ပဲ၊
ဒါပေမယ့် အသင်းက အမြဲတမ်း ကျနော်တို့အတွက် ပထမ၊ အခုချိန် နောက်နည်းပြ တစ်ယောက် ထပ်ပြောင်းလည်း ကျနော်တို့က ဆက်အားပေးမှာ၊ ရူဘင် ဆက်ရှိနေလည်း ကျနော်တို့က အသင်းကို လည်း support မယ်။ ရူဘင် ကိုလည်း Support မယ်၊ ဒါက ပရိတ်သတ်တစ်ယောက်ရဲ့ယုံကြည်ချက်ပဲ၊ တစ်နေ့နေ့ တစ်ချိန်ချိန် လမ်းကြောင်းကောင်းတစ်ခုပေါ် ပြန်တတ်ကို တတ်လာမှာ၊ ဘယ်အချိန်လည်း မသိပေမယ့် ကျနော်ကတော့ စိတ်ရှည်တယ်။ ကို့ community ကိုလည်း သေချာမှာချင်တာက ခင်ဗျားတို့ မန်ယူနိုက်တက်ပွဲကို အေးဆေး chill တဲ့ပုံစံနဲ့ အေးဆေးကြည့်၊ ရှုံးတာ နိုင်တာ ကို emotion သိပ်မထားနဲ့ အသင်းက ဒီပုံစံဖြစ်ပျက်နေအုန်းမှာအသေအချာပဲလို့ထင်တယ်။
ဘယ်အချိန်လောက်ပြန်ကောင်းသွားမလဲဆိုတော့..
ပရိတ်သတ်တွေကိုယ်တိုင်လည်း ငါတို့အသင်းက အရင်က ရွှေထီးဆောင်းခဲ့တဲ့ခေတ်ကုန်ပြီ ဆိုတာ လက်ခံလာတဲ့အချိန်၊ တစ်ယောက်တည်း ဆွဲတင်လာတယ်လို့ထင်ရတဲ့ ဘရူနို အသင်းက ထွက်သွားတဲ့အချိန်၊
အခုအရောင်းတစ်နေတဲ့ ကစားသမားတွေ ပျောက်သွားချိန်၊ ဘယ်နည်းပြ ဖြစ်ဖြစ် ကို့ ဖလော်ဆော်ဖီ နဲ့ ကိုယ်ပိုင် လုပ်ခွင့်ရတဲ့အချိန် ဒီအချိန်ရောက်ရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းသည် ပြန်အဆင်ပြေလာနိုင်ပါတယ်။
ကျနော်တို့ အသင်း ဒီလို ရှုံးပွဲတွေတွေ့ရင်၊ ရလဒ်တွေဆိုးနေရင်၊ နည်းပြတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေရင်၊ ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် အဝင်အထွက်များလာလေလေ ဒီအချိန်မှာခင်ဗျားတို့ ကျနော်တို့ အခုလို ဖြစ်တာကို အခြားအသင်းဖန်တွေ ကြိုက်နေကြတယ်။ ပိုပျော်နေကြတယ်။ ခများတို့ ဒီလိုဖြစ်နေအောင် အခြားအသင်း ပရိတ်သတ်တွေက ကျနော်တို့အချင်းချင်း ပရိပက္ခဖြစ်နေအောင်၊ ပွဲတွေဖြစ်နေအောင် ရန်တိုက်ပေးနေပြီး အခြားတစ်နေရာရာကနေ ဒီ အသင်း နဲ့ ဒီ ပရိတ်သတ်တွေက စောက်တောသားတွေပါကွာ ဆိုပြီး ပျော်နေ ခွီနေတာကို မြင်တွေ့ချင်ရင်တော့ အသင်းကိုရော နည်းပြကိုရော ကစားသမားတွေကိုရော များများ Blame ကြပေါ့ဗျာ၊
#mufc
#crd

image