2 ပတ် - ဘာသာပြန်ပါ။

One Night’s Shelter
စာမျက်နှာ ၃၈၀ နီးပါးမို့ တစ်ပက်လောက်ကြာအောင် ဖတ်လိုက်ရပါတယ်
ဒါပေမယ့် ကျနော့်အတွက်တော့ အတော် စိတ်ဝင်စားစရာကောင်းပြီး ပညာယူစရာတွေ အပြည့်မို့ ဖတ်လိုက်ရတာ တန်ပါတယ်
ကျောင်းမပြီးခင် အမေရိကန် backpacker တစ်ယောက် အဖြစ် အရှေ့တိုင်းမှာ ခရီးသွား ၊ ဆေးခြောက်, LSD , acid , Psychedelic အစုံ ရှူတဲ့ သုံးစွဲတဲ့ အပျော်အပါးကြိုက် လူငယ် ဟစ်ပီ တစ်ယောက် ကနေ
တိဗက် တရားစခန်း တစ်ခု ဝင်ဖြစ်ရာကစပြီး spiritual path ပေါ်ရောက်ရှိပြီး
ဆရာ ဂိုအင်ကာ ရဲ့ တရားစခန်း ကနေ ထေရဝါရ ဗုဒ္ဓဘာသာ ကို သဘောကျသွားခဲ့တယ်။
နောက်ပိုင်း ဆေးတွေ သုံးတာလည်း ပြတ်သားစွာ စွန့်လွှတ်နိုင်သွားခဲ့သလို
တစ်စ တစ်စ နဲ့ လူ့လောကရဲ့ အဖြစ်အပျက်တွေကို ငြီးငွေ့လာရာက
spiritual လမ်းကြောင်းပေါ် ပိုပိုတိုးပြီး ကျင့်ကြံရင်း အတော် ခရီးရောက်မှ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်လာခဲ့သူ အရှင် ရာဟုလာရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိပါ။
စာရေးပုံက အင်မတန် ရိုးသားလွန်းတာမို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိကိုတောင် သတိရမိပါတယ်။
ကိုယ်တိုင်ရေး အထုပ္ပတ္တိ ဆိုတာမျိုးကလည်း မရိုးသားရင် အင်မတန် ငြီးငွေ့ဖို့ကောင်းတာမျိုးလေ
ကိုယ်ရဲ့ အားနည်းချက်တွေ၊ ego စိတ်တွေ ၊ မရိုးသားမှုတွေ ၊ မကောင်းမှုတွေ အကုန် ဖွင့်ချ နိုင်မှ ရေးလို့ ဖတ်လို့ ကောင်းတာမျိုး …
အာဖဂန်နစ်စတန်မှာ ဆေးခြောက် ခိုးထုတ်ခဲ့တာတွေ၊ India နိုင်ငံ Goa ရဲ့ naked beach တွေမှာသောင်းကျန်းခဲ့တာတွေ၊ ဆေးရှုတာတွေ အသေးစိတ်ပါတာမို့ 18+ လို့များ သက်မှတ်ရမလား မသိဘူး
အဆုံးသတ်မှာ ရဟန်း အဖြစ် အမေရိကန်နိုင်ငံမှာ ran တဲ့ ထေရဝါရ forest monastery ကို ပြန်သွားပြီး ဘာသာပြန့်ပွါးရေးကို ကူညီတဲ့ အဖြစ်နဲ့ ပြီးထားပါတယ်။
တိဗက်ရဲ့ မဟာယာန တရားစခန်း အတွေ့အကြုံတွေ၊ ထေရဝါရ ဝ်ိပဿနာ အတွေ့အကြုံတွေကို အသေးစိတ် ချယ်မှုန်းထားတယ်။ Yoga ကိုလည်း စိတ်ဝင်တစား ကျင့်ကြံပြီး ၆ လနီးပါး ဂုရု ဆရာကြီး ဆီမှာ ပညာသင်ဖြစ်တဲ့ အတွေ့အကြုံတွေ ပါဝင်တယ်။
သီရိလင်္ကာ အိန္ဒိယ တိဗက်က ဗုဒ္ဓဘာသာဝင်တွေရဲ့ အပေါ်ယံ ဘာသာရေး အတွေးအခေါ် ယုံကြည်မှုတွေလည်း ပါတာမို့ ကိုယ့်ဟာနဲ့ကိုယ် နိုင်ငံအကြောင်း တွေးမိပြီး ရယ်မိရသေးတယ်။
အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့စာအုပ်ပါ၊
ဒီစာအုပ်ကို Channel မှာ ချပေးထားပြီးပါ ။
#books
#bookreviews
#swann

image
image
image
image
image