ဆောက်သမ်တန်ကွင်းလယ်လူ ဒစ်ဘလင်းကို ပေါင် သန်း ၄၀ နဲ့ အဲဗာတန် ခေါ်ယူ
အဲဗာတန်အသင်းဟာ ဆောက်သမ်တန်အသင်းက ဆယ်ကျော်သက်ကွင်းလယ်လူ ဒစ်ဘလင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ်။
ဒစ်ဘလင်း(၁၉ နှစ်)ရဲ့ပြောင်းရွှေ့ကြေးက ကနဦး ပေါင် ၃၅ သန်းနဲ့ add-ons ပေါင် ငါးသန်းရှိမယ်လို့ သိရပါတယ်။
၎င်းဟာ အဲဗာတန်အသင်းဟာ ၂၀၂၉ ခုနှစ် ဇွန်လအထိ လေးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
ဒစ်ဘလင်းဟာ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ရှစ်ဦးမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။
''ကလပ်အသင်း အခုရှိနေတဲ့အခြေအနေနဲ့ ပြီးပြည့်စုံတဲ့ ပေါင်းဖက်မှုလို့ ကျွန်တော် ယူဆပါတယ်။ သိသာထင်ရှားတာက ကွင်းသစ်နဲ့အတူ ပရိသတ်တွေကလည်း မယုံနိုင်စရာကောင်းလောက်ပါတယ်။ မိသားစုတစ်ခုလို ခံစားရပါတယ်။
ပြီးပြည့်စုံတဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်''လို့ ဒစ်ဘလင်းက ပြောခဲ့ပါတယ်။
အင်္ဂလန် ယူ-၂၁ အသင်းအတွက် နှစ်ပွဲကစားထားတဲ့ ဒစ်ဘလင်းဟာ ၂၀၂၃ သြဂုတ်လက ၁၇ နှစ်အရွယ်မှာပဲ ဆောက်သမ်တန်အသင်းနဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။
ဒစ်ဘလင်းဟာ ဆောက်သမ်တန်အသင်းအတွက် ၄၄ ပွဲ ကစားပေးခဲ့ပါတယ်။
၎င်းအနေနဲ့ အဲဗာတန်အသင်းမှာ ကျောနံပါတ် ၂၀ ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်ပါတယ် #crd

image