2 w - Translate

အင်းလေးတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆ ၀) ကျော် ပျက်စီးဆုံးရှုံး
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်လေးဒေသ ကြေးပေါခုံအုပ်စု ၊ ကန်ခေါင်းရွာတွင် လေပြင်းတိုက် ခတ်ခဲ့မှုကြောင့် လူနေအိမ် (၆၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံသတင်းရင်း မြစ်များထံက သိရသည်။
"လေက တော်တော်ကြမ်းသွားတာ။ အိမ် ခေါင်မိုးတွေလန်ထွက်ကုန်တယ်။ လေလည်းတိုက် မိုးကလည်ရွာ။ လေဆင်နှာ မောင်းလို့တော့ အချို့ကပြောကြတာပဲ။ အခုတော့ နေအိ မ်တွေတော်တော်ပြန်ပြင်ရမယ်"ဟု ဒေသခံတစ်ဦးက ပြောပြ သည်။
ယမန် နေ့ ဩဂုတ်လ(၂၆)ရက် ၊ မွန်းလွဲ (၂)နာရီကျော်အချိန်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘုန်ကြီးကျောင်း အပါအဝင် နေ အိမ်‌ ခေါင်မိုးများလှန်ထွက်ကာ ‌ လူထိခိုက်မှုမရှိကြောင်း သိရသည်။
"အခုတော့ လေတိုက်ပေမယ့် ဘာမှမဖြစ်သွားတဲ့ နေအိမ်အ ချို့မှာစုနေကြတာပေါ့။ အချို့ကလည်း ရှိတဲ့ တာပေ့်လင်စတွေနဲ့ ယာယီမိုးပြီးနေ နေရတယ်" ဟု ၎င်းက ရှင်းပြသည်။
ကန်ခေါင်းကျေးရွာသည် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ထိထားသည့် ကျေးရွာလ ည်းဖြစ်ကာ ‌ယခုလေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၈ ၇) အိမ်ရှိသည့်အနက် အိမ်(၆၀)ကျော် ပျက်စီးခဲ့ရခြင်းလ ည်းဖြစ်သည်။

image