လူရိုးကလေး အီအိုရီ ဟာ ကျောင်းတက်ဖို့အတွက် 
 
ရေငုတ်ပစ္စည်းအငှားဆိုင် နဲ့ ဘား ဖွင့်ထားတဲ့ ဦးလေးဖြစ်သူထံ 
 
ရောက်ရှိခဲ့ပါတယ်… 
 
လူရိုးကလေး အီအိုရီ တစ်ယောက် သူ့ရဲ့ စီနီယာ ဖြစ်လာမယ့် ကွီး ၂ ယောက်နဲ့ 
 
စတင်တွေ့ရှိခဲ့တဲ့ အပြင် ငယ်ငယ်တုန်းကပဲ တွေ့ခဲ့ဖူးတဲ့ 
 
အရမ်းလှတဲ့ အစ်မ ဝမ်းကွဲ နဲ့ ညီမဝမ်းကွဲ  ချိစ တို့နဲ့ပါ 
 
တစ်အိမ်ထဲ နေဖို့ အကြောင်းဖန်လာပါတော့တယ်… 
 
လူရိုးကလေး ဖြစ်ပေမဲ့ ဖွန်လဲ ကြောင်ချင်တဲ့ အီအိုရီ တစ်ယောက် 
 
ကျောင်းမှာ အဆင်မပြေပေမဲ့ သူ့လိုပဲ အူကြောင်ကြား ငတိ တစ်ဦးဖြစ်တဲ့ 
 
ကိုဟေး နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်… 
 
ဒီလို နဲ့ လူပျိုသဘာ၀ အလွဲတွေ ဟာသတွေ နဲ့ 
 
အစ်မ ဝမ်းကွဲ ညီမဝမ်းကွဲတွေ ကြားမှာ စီနီယာ အကို ၂ ယောက်ရဲ့ 
 
ချောက်တွန်းမှုတွေ နဲ့ ဘယ်လိုတွေ ရယ်ရမယ် ဆိုတာ 
 
ကြည့်ရှုရင်း အတောမသက်နိုင်ကြဖို့ 
 
Translator ဖြစ်သူ Aung Tayza နဲ့ Thura Aung က ဘာသာပြန်ပေးထားပါတယ်
 
         
 
		  
		 
		 
		 
                