ကိုယ်စားမှ ကိုယ်ဝ, ကိုယ်ကျင့်မှ ကိုယ်ရ
လောကမှာတောင် ကိုယ်လုပ်မှ ကိုယ့်ကိစ္စပြီးပါတယ်၊ ထမင်းကိုတောင် ကိုယ်စားရင် ကိုယ်သာ ဝတာပဲ၊ တခြားလူ ၀မသွားဘူး၊ အိပ်ချင်ရင် ကိုယ်တိုင်အိပ်မှပဲ သူကိုယ်တိုင် အိပ်ရေးဝတယ်၊ အခြားလူတစ်ယောက် အိပ်တာနဲ့ အခြားလူတစ်ယောက်မှာ အိပ်ရေးဝမသွားဘူး၊ ကိုယ်သန္တာန်မှာ တကယ်ဖြစ်ရမယ့်ကိစ္စဆိုရင် သူ တစ်ပါးကို ကိုယ်စားလှယ်ခိုင်းလို့ မရဘူး။
အဲဒါလိုပဲ၊ တရားကလည်း ကိုယ်ကျင့်မှ ကိုယ့်သန္တာန်မှာ ပြည့်စုံတယ်၊ ဒါကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော-ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေမှာသာ အသီးသီး ကိုယ်တိုင်ခံစားရတဲ့ တရားပါတဲ့။
❒ မှီစရာနှင့် အာရုံ
အတိတ်အကြောင်းတွေကို ပြန်ပြီး နှစ်သက်နေရင် တဏှာနဲ့ မှီနေတယ်လို့ ဆိုရတယ်၊ နံရံကို အားပြုပြီး မှီနေတာပဲ၊ တိုင်ကို ကပ်ပြီး ထိုင်နေရင် တိုင်ကို အားပြုပြီး မှီနေတာပဲ၊ မြေကြီးပေါ်မှာ ထိုင်နေရင် မြေကြီးကို မှီနေတာပဲ၊ ကြမ်းပြင်ပေါ်မှာ ထိုင်နေရင် ကြမ်းကို မှီနေတာပဲ။
အဲဒါလိုပါပဲ တဏှာကလည်း ရှေးက တွေ့ခဲ့ပြီး အာရုံတွေ ကို ထပ်တလဲလဲ ဆင်ခြင်ပြီး နှစ်သက်သာယာလျက် မှီတွယ်နေပါတယ်။
🖋️ မဟာစည်ဆရာတော်ဘုရားကြီး
📖 ဥပမာအလင်္ကာစကားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image