2 w - Translate

ကျားစာ ကျွေးခံခဲ့ရပေမဲ့ ကျားနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တဲ့ ဆိတ်
၂၀၁၅ ခုနှစ်တုန်းက ရုရှားနိုင်ငံ အရှေ့ဖျားမှာရှိတဲ့ ပရိုင်မော်စကိုင်းဆာဖာရီဥယျာဉ်မှာ တီမာလို့ အမည်ရတဲ့ ဆိတ်တစ်ကောင်ကို ကျား စားကျက်ထဲ ထည့်ပေးခဲ့တယ်။ ကျားစာကျွေးတဲ့သဘောပါပဲ။ ဒါပေမဲ့ တီမာက ကျားနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ဦးချိုနဲ့ ပြန်ခွေ့မယ် တကဲကဲလုပ်နေလို့ ကျားကတောင် တွေဝေတုန့်ဆုတ်သွားခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အာမာ (ကျားအမည်)နဲ့ တီမာကြား ပိုရင်းနှီးလာကြပြီး အတူသွား၊ အတူကစား၊ တစ်ကောင်နဲ့ တစ်ကောင် မလှမ်းမကမ်းမှာ အိပ်တဲ့အနေအထားအထိ ဖြစ်လာခဲ့ပါတယ်။ တီမာဟာ အာမာရဲ့ အိပ်ယာကိုတောင် လုအိပ်လို့ အာမာက အခြားနေရာ ရွှေ့အိပ်ခဲ့ရပါတယ်။ သူတို့ ၂ ကောင် တည့်နေတာကြောင့် ဥယျာဉ်ဝန်ထမ်းတွေကလည်း သူတို့ကို အတူထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကျားနဲ့ ဆိတ် လပေါင်းများစွာ တတွဲတွဲနေတဲ့ အကြောင်းကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ တစ်ကောင်နဲ့ တစ်ကောင် ရန်မူပြီး အခိုက်အတန့်ကြာ လုံးထွေးသတ်ပုတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် တီမာကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ တီမာ သေဆုံးသွားခဲ့ပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကြေးရုပ်တု ထုလုပ်ခဲ့ပါသေးတယ်။

image