အစာစားပြီးတိုင်း ငါးမိနစ်ခန့် အချိန်ပေး၍ ထိုင်ရုံဖြင့် သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ရရှိနိုင်မည့် နည်းလမ်းတစ်ခုရှိပါသည်။ ထိုနည်းလမ်းမှာ ယောဂကျင့်စဉ်တစ်ခုဖြစ်သော "Thunderbolt Pose" ဘဲဖြစ်ပါတယ်။
ဤအာစနသည် အစာစားပြီးနောက် ချက်ချင်းပြုလုပ်နိုင်သော တစ်ခုတည်းသော ယောဂကျင့်စဉ်ဖြစ်သောကြောင့် အထူးထင်ရှားပါသည်။
Thunderbolt Pose ကို မည်သူတို့ပြုလုပ်သင့်လဲ။ မည်သူတို့ရှောင်ကြဉ်သင့်လဲ ၎င်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သိပ္ပံနည်းကျ သက်သေအထောက်အထားများကို ပြည့်စုံစွာ ဖော်ပြသွားပါမယ်။
Thunderbolt Pose ၏ အဓိကကောင်းကျိုးများ။
ဤရိုးရှင်းသောကျင့်စဉ်သည် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအတွက် များစွာအကျိုးကျေးဇူးရှိကြောင်း ကျန်းမာရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်များနှင့် ယောဂပညာရှင်များက အောက်ပါအတိုင်း ဖော်ပြထားပါတယ်
အစာခြေစနစ်ကို အားကောင်းစေခြင်း။
ဤအနေအထားဖြင့်ထိုင်ခြင်းသည် ပေါင်နှင့် ခြေထောက်များသို့ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ပိုင်းသို့ သွေးလည်ပတ်မှုကို တိုးမြှင့်စေပါသည်။ ၎င်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေကာ အစာကြေလွယ်စေပါတယ်။
Healthline ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက်အရ အစာစားပြီးနောက် ၅ မိနစ်မှ ၁၀ မိနစ်ခန့် ဤအနေအထားဖြင့်ထိုင်ခြင်းသည် ဝမ်းချုပ်ခြင်း၊ လေပွခြင်းနှင့် အက်ဆစ်ပြန်တက်ခြင်းကဲ့သို့သော ပြဿနာများကို သက်သာစေပါသည်။
ခါးနာခြင်းကို သက်သာစေခြင်း။
ဤထိုင်နည်းသည် ခါးနှင့် တင်ပါးဆုံရိုးတို့ကို ဖြောင့်မတ်စေသောကြောင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများကို သန်မာစေပြီး ခါးနာခြင်းဝေဒနာကို လျော့ပါးစေသည်။ Sciatica ကဲ့သို့သော အာရုံကြောနှင့်ဆိုင်သော နာကျင်မှုများကိုလည်း သက်သာစေနိုင်ကြောင်း အချို့လေ့လာမှုများက ဆိုပါသည်။
စိတ်တည်ငြိမ်ပြီး စိုးရိမ်သောကကို လျော့ကျစေခြင်း။
ဤကျင့်စဉ်သည် တရားထိုင်ရန်အတွက် သင့်တော်သော အနေအထားတစ်ခုဖြစ်ပါတယ် ဤအနေအထားဖြင့် အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများကို လျော့ကျစေကြောင်း The Art of Living အဖွဲ့အစည်းမှ ထုတ်ပြန်သော ဆောင်းပါးများတွင် ဖော်ပြထားပါတယ်။
Credit

image