ပုဇွန်ခြောက်ဘာလချောင်ကြော်
🦐🦐🦐🦐🦐🦐🦐🦐🦐🦐🦐🦐
ပါဝင်ပစ္စည်းများ.......
* ကြက်သွန်နီ ၁၅ လုံး (ပါးပါးလှီးထား)
* ကြက်သွန်ဖြူဥကြီး ၃ ဥ (ပါးပါးလှီးထား)
* မန်ကျီးမှည့်ရည် လက်တဆုပ်စာ (ရေနွေးစိမ်)
* ငရုပ်သီးအကြမ်းဖတ် ၁ ဇွန်း (ယောက်ဇွန်း)
* ငါးပိ ကြိုက်သလောက်
* ပုဇွန်ခြောက်မှုန် ၅ ကျပ်သားခန့်
* ထန်းလျက် ၁ ဇွန်း (ရေနွေးစိမ်ထား)
* အရသာမှုန့် အနည်းငယ်
* ဆား အနည်းငယ်
* ဆီ လိုသလောက်
လုပ်နည်း.......
အရင်ဦးဆုံး ကြက်သွန်ဖြူ ​အရင်ကြော် ဆီစစ်ထား
ပြီရင် ကြက်သွန်နီ ကြော်ပြီ ဆီစစ်ထားပါ။
ငရုတ်သီး အကြမ်းဖတ်ကို ရွရွ​လေးဖြစ်အောင်ကြော်ပြီး
ငါးပိထည့်မွှေ၊ ပုဇွန်ခြောက်မှုန့် ထည့်မွှေ
မကျီးရည် ထည့်မွှေပါ။
ထန်းလျက်ရည်ထည့်မွှေပါ။
ဆား၊ အရသာမှုန့် ထည့်မွှေပါ။
ဆီ​ပြန်လို့ အနံ့လေးမွှေးလာရင် မီးပိတ်လိုက်ပါ။
ကြက်သွန်နီကြော်နဲ့
ကြက်သွန်ဖြူကြော်ထားတာ ထည့်မွှေပါ။
ဒါဆိုရင် ရပါပြီနော်

image