11 ပတ် - ဘာသာပြန်ပါ။

ဝူကျန်းဟာ ချန်အန်းတစ်ခွင်မှာ လူပေါ်ကျော့အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး
ပြိုင်ဘက်ကင်းပြီး ထူခြားတဲ့ မိသားစုနောက်ခံကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
အမတ် ဟယ်နန်ရဲ့ သမီးလည်းဖြစ် ဘုရင်မရဲ့ ညီမလည်း ဖြစ်တာကြောင့်
ဂုဏ်သရေရှိတဲ့ စားသောက်ပွဲတွေ အပျော်အပါးတွေကို အပြည့်အ၀ ခံစားပြီး
ကြီးပြင်းလာခဲ့ပါတယ်၊ ဝူကျန်းဟာ ယောက်ျားလေးပုံစံအ၀တ်အစားနဲ့
မျိုးရိုးမြင့်လူငယ်တွေကို ဦးဆောင်ပြီး လဲ့ဖန်းဆောင်ကြာမြိုင်မှာ ရမ်းကားတဲ့
နာမည်ဆိုးသတင်းတွေနဲ့ ကျော်ကြားပါတယ်၊ ဒါပေမဲ့ ဒီလိုအပျော်အပါးလိုက်စားတဲ့
ဘ၀နေထိုင်မှုအောက်မှာ သဘာ၀လွန်စွမ်းရည်တစ်ခုကို ဖုံးကွယ်ထားပါတယ်။
ဝူကျန်းဟာ ငယ်စဉ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့အစွမ်းရှိခဲ့ပြီး အဲဒီအစွမ်းကပဲ
ထူးခြားတဲ့ကံကြမ္မာကို သတ်မှတ်ပေးခဲ့ပါတယ်၊ တစ်ခါက သူမ အ‌ဆောက်အဦးပေါ်က
ပြုတ်ကျတာကို ကြောင်သခင်ဟောင်းက ကယ်တင်ပေးခဲ့ပြီး သူမကို မိစ္ဆာအစွမ်းတွေ
လွှဲပေးခဲ့ပါတယ်၊ အဲဒီအချိန်ကစပြီး ဝူကျန်းဟာ ကြောင်သခင်အသစ်ဖြစ်လာပြီး
ချန်အန်းရဲ့ လျှို့ဝှက်မကောင်းဆိုးဝါးမြို့ကို စောင့်ရှောက်ကာ မကောင်းဆုံးဝါးမြို့မှာရှိတဲ့သူတွေကို
ထိန်းသိမ်းသူအဖြစ် ရပ်တည်လာခဲ့ပါတယ်၊

မိန်ကျူယွီကတော့ တာအိုပညာအထူးကျွမ်းကျင်သူတစ်ဦးပါ၊ သူလည်း ဝူကျန်းလိုမျိုး
ဝိညာဉ်တွေကို မြင်နိုင်သူဖြစ်ပြီး ငယ်စဉ်ကတည်းက တာအိုကျောင်းမှာ သင်ယူခဲ့တာကြောင့်
သဘာဝလွန်စွမ်းအင်တွေကို ကျွမ်းကျွမ်းကျင်ကျင်သိရှိသူဖြစ်ပါတယ်။ သူ့စွမ်းအားတွေကို
အများမသိအောင် ဝှက်ထားပေမယ့် သူ့ရဲ့တာအိုပညာကျွမ်းကျင်မှုက
ပြိုင်ဘက်ကင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်

မမျှော်လင့်ထားဘဲ ဝူကျန်းနဲ့ မိန်ကျူယွီတို့ဟာ ပုံစံမတူတဲ့ လိုက်ဖက်တဲ့တွဲဖက်ကောင်းတွေ
ဖြစ်နေကြပါတယ်၊ ဒီလိုပုံစံတူတဲ့နှစ်ယောက် လက်တွဲပြီး မမြင်နိုင်တဲ့လောကကြီးကို
ဘယ်လိုကာကွယ်ကြမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး

image