11 ပတ် - ဘာသာပြန်ပါ။

ရွှေမှုံရတီလား ရွှေထူးလား တော့ မသေချာဘူး သူ့မွေးနေ့မှာ ရန်ကုန်မြို့က အိမ်ခြေရာမဲ့တွေကို စောင်တွေ ထမင်းထုပ်တွေ လိုက်ဝေပြီး ကုသိုလ်ပြုတယ် တဲ့
အဲ့တုန်းက တွေးနေမိတာ အော် သူတို့က အလှူကို ကတ်သီးကတ်သပ် လုပ်ချင်တာပဲ တော်တော် လိုက်ရှာရမှာပဲ လို့ ထင်လိုက်မိတာ
ဒီစာအုပ်ဖတ်ပြီးတော့မှပိုပြီး သဘောပေါက်တော့တယ်
အသက် ၂ နှစ် အရွယ် လောက်
ပွဲဈေးတစ်ခုမှာ အမေနဲ့ ကွဲသွားပြီး ( ထားခဲ့တာလည်း ဖြစ်နိုင်တယ် ) ဆင်းရဲတဲ့ မိသားစုတစ်ခုကနေ မဖြစ်မနေ မလိုလားပဲနဲ့ ခေါ်ထားလိုက်လို့ ကြီးပြင်းလာရတဲ့ ကောင်မလေး ၊ မိသားစုဝင်တွေက နိုင့်ထက်စီးနင်း ပြုကြလွန်းလို့ အရွယ်လေး ရောက်လာတဲ့အခါ အိမ်က ထွက်ပြေးပြီး ရန်ကုန်မှာ အမေကို တွေ့လိုတွေ့ငြား ထွက်လာခဲ့တယ် ။
အဲ့လိုနဲ့ ပပဝင်း ရုပ်ရှင်ရုံရှေ့ ပလက်ဖောင်းကို အိပ်ရာခင်း လုပ်ရတဲ့ အိမ်ခြေရာမဲ့ ဘဝကိုရောက် ၊ မြို့တော်စီမံချက် ဆိုပြီး လာဖမ်းရင်လည်း ထောင်ထဲ ဝင်လိုက်ကြ နဲ့ ။ ထောင်ထဲမှာ လိပ်စာမေးရင် အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား လို့ ဖြေကြသတဲ့။
နေ့လည်ဘက် ကုန်တိုက်မှာ ပစ္စည်းတိုးတယ် ၊ ညဘက် လမ်းဘေး ထိုးအိပ်တယ် ဆိုတော့ လွယ်မယ် ထင်နေတာ ဘယ် ဟုတ်မလဲ ၊ မိန်းမပျိုလေး ‌ဆိုတော့ မကောင်းကြံချင်ကြတဲ့သူတွေက နေရာတိုင်းမှာ ။ အဲ့လို အချိန် ရုပ်လေးကလည်း မဆိုးဘူးဆိုတော့ ကိုယ့်ရဲ့ traditional thinking အရ သူဌေးသား တစ်ယောက်ရဲ့ ကားပေါ်မှာ ခိုမိနေတာတွေ ၊ တိုက်မိတာတွေ ဖြစ်မယ် ထင်တာ လက်တွေ့ဆန်စွာနဲ့ ပဲ မဖြစ်လာပါဘူး ။
လမ်းပေါ်နေ လမ်းပေါ်စား ဘဝနဲ့ပဲ ကျင်လည်လာရင်း လူတွေ အကြောင်းတွေသိလာတော့ သူ့အမေကို တောင် သူတွေ့ချင်သေးရဲ့လား မသေချာတော့တဲ့ အဖြစ် ၊ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာ မဖြစ်နိုင်တဲ့ ဆိုရိုး မဟုတ်တာ သူလည်း သိရပြီလေ ။
နောက်‌တော့ လမ်းပေါ်က လူကြီးတွေစီစဉ်ပေးလို့ လမ်းပေါ်က လူတစ်ယောက်နဲ့ ပဲ ယူပြီး လူသားဆန်စွာ အသက်ရှင်ဖို့ ကြိုးစားတဲ့ ‌စက်ဝိုင်း ဆိုတဲ့ ကောင်မလေး အကြောင်းပါ။ ကိုယ်လည်း ဆေးရုံမှာ အလုပ်လုပ်နေတာရော အသက်အရွယ်အရရော ဒါတွေဟာ တကယ့် လုပ်ဇာတ်မဟုတ်ပဲ ရှိနေနိုင်တဲ့ ဘဝတွေဆိုတာ သိနေတယ်။
ကိုယ့်ရဲ့ အမြင်အရတော့
ဟယ် စိတ်ညစ်စရာကြီး လို့ ခဏ ထင်လိုက်မိပေမယ့် ဆရာမရဲ့ အချက်ကျကျ အရေးအသားက ဆက်ပြီး ဖတ်လိုစိတ် ဖြစ်ခဲ့ရတယ် ။ တစ်ရက်အတွင်းပဲ ဖတ်လို့ ပြီးသွားခဲ့တယ် ။ သဘောကျတယ် ။ ခွန်အား ရတယ် ။ လူတွေကို ပိုနားလည်တတ်လာတယ်။
စာမလုပ်ချင်လို့ ၊ စာမတော်လို့ ၊
ရည်းစားနဲ့ ၊ မိသားစုတွေနဲ့ အဆင်မပြေလို့၊
မုန့်ဖိုးမရလို့ ၊
အလုပ်မှာမပျော်လို့ ၊
ဝင်ငွေမကောင်းလို့ ၊
စသဖြင့် စသဖြင့် ဒီပရက်ရှင်လား ဘာလား အဲ့ဒါ ဝင်တယ်လို့ အခု သိပ်ပြောကြတယ်လေ ၊ အဲ့လို ခံစားရတဲ့ အချိန် ဖတ်ကြည့်လိုက်ပါ ၊ အော် ငါက သူတို့လောက် မခက်ခဲသေးဘူး ။ ငါ ကြုံနေရတာ ဘာမှ မဟုတ်သေးဘူး ဆိုတာ သိလာပါလိမ့်မယ် ။
ဒီအတားအဆီးကို မကျော်နိုင်ရအောင် ငါက ဘာတွေချို့တဲ့နေလို့လဲ လို့ သုံးသပ်ပြီး တွေးတတ်လာပါလိမ့်မယ် ။
Credit

image