ကဂျိကိ တိုင်ဖွန်းမုန်တိုင်းအရှိန် ကို ငါးမွေးမြူရေးကန်များ သတိထားရမည်
မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့် အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ထုတ်နိုင်ငံတော်သတင်းစာမှတဆင့် အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရန်နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့်မွေးမြူရေးဆောင်ရွက်နေကြသည်။
ငါမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံရန်အတွက် ကမ်းပါးနိမ့်သော နေရာတွေမှာ သဲအိတ်များဖိုထားပြီး ကန် ပေါင်ခိုင်ခံ့အောင်ပြုလုပ်ရန်၊ သိုလှောင်ထားသောငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာသို့ ရွေ့ပြောင်းထားရန် အပါအဝင်အချက် (၁၀) ချက်ကို အသိပေးထုတ်ပြန်ထားသည်။
အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနကိုဆက်သွယ်အကူညီတောင်းခံကြရန်လည်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ကဂျိကိ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင်း ဩဂုတ်လ (၂၅)ရ က်ညပိုင်း မှ (၂၉)ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ ပေးထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းသည် လက်ရှိတွင် ဗီယက်နာမ်သို့ဝင်​ရောက်​နေကာ လူအ​‌ေ-သ​ပျောက်ပါရှိ​နေသည်။

imageimage