ထောပတ်သီး မစ်လ်ရှိတ် (Milkshake) နို့ ဖျော်ရည်
အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
ပါဝင်ပစ္စည်းများ......
* ငှက်ပျောသီး ၁ လုံး
* ထောပတ်သီး ၁ လုံး
* သင့်တော်တဲ့ ပမာဏလောက် ဗာဒံစေ့ (ရှိရင်ထည့်ပါ)
* ဒိန်ချဉ် ၂၀၀ မီလီလီတာ
* နို့ ၁၀၀ မီလီလီတာ
ပြုလုပ်နည်း......
ပါဝင်ပစ္စည်းများအားလုံးကို သေချာဆေးကြောပြီး ဖျော်စက်ထဲ ထည့်ပါ။ ဒိန်ချဉ် ၂၀၀ မီလီလီတာ နှင့် နို့ ၁၀၀ မီလီလီတာ ကို လောင်းထည့်ပါ။ ပြီးနောက် မစ်လ်ရှိတ် အနေအထားအတိုင်း ၂ မိနစ်ခန့် ကြာအောင် ကြိတ်ပါ။