၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဖရူတာမြို့က လယ်သမားတစ်ဦးဖြစ်တဲ့ လွိုက်အော်လ်ဆင် ဟာ ညစာအတွက် ကြက်တစ်ကောင်ကို ချက်စားဖို့ပြင်ဆင်နေခဲ့ပါတယ် သူဟာ ၅ လခွဲအရွယ် "မိုက်ခ်" လို့ခေါ်တဲ့ ကြက်ဖကြီးကို ရွေးချယ်ပြီး ပုဆိန်နဲ့ ခေါင်းကိုဖြxတ်လိုက်ပါတယ်
ဒါပေမဲ့ သူ့ပုဆိန်ချက်ဟာ လည်ပင်းက jugular vein (jugular vein) ကို မထိဘဲ brain stem (ဦးနှောက်အမြစ်) ရဲ့ အစိတ်အပိုင်းအများစုကို ကျန်ရှိစေခဲ့ပါတယ် ကြက်တွေရဲ့ အသက်ရှူခြင်း နဲ့ နှလုံးခုန်နှုန်းလိုမျိုး အခြေခံလုပ်ဆောင်ချက်တွေဟာ ဦးနှောက်အမြစ်ကနေ ထိန်းချုပ်ထားတာဖြစ်လို့ ကြက် ဟာ ခေါင်းပြxတ်သွားပေမယ့် အသက်ရှင်နေခဲ့တာပါ
ခေါင်းပြxတ်သွားပေမယ့် မေxသဘဲ ရှိနေတဲ့သူ့ရဲ့ကြက်ကို တွေ့တော့
လွိုက်အော်လ်ဆင် ဟာ အဲ့ဒီကြက်ကို ဆက်ပြီး ဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် သူဟာ မျက်စဉ်းဆေးထည့်တဲ့ ပိုက်နဲ့ ပြောင်းဖူးမှုန့်ဖျော်ရည်ကို ကြက်ရဲ့ လည်ချောင်းထဲ တိုက်ကျွေးပြီး အသက်ရှူလမ်းကြောင်းတွေကို သန့်ရှင်းပေးခဲ့ပါတယ်
အဲ့တာကြောင့် ကြက်ဟာ အရင်လို ဟန်ချက်ညီညီနဲ့ လမ်းလျှောက်နိုင်ပြီး အမွှေးအတောင်တွေလည်း စိုပြေလာပါတယ် အသံတော့ မမြည်နိုင်ပေမယ့် လည်ချောင်းထဲကနေ အသံတွေ ထွက်အောင် ကြိုးစားတတ်ပါတယ် ဒီကြက်ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်ကြောင့် "Miracle Mike" လို့ နာမည်ပြောင်ရလာပြီး Time နဲ့ Life မဂ္ဂဇင်းတွေမှာတောင် ဖော်ပြခံခဲ့ရပါတယ်
Miracle Mike ရဲ့ ပိုင်ရှင် အော်လ်ဆင်ဟာ သူ့ကို နိုင်ငံတစ်ဝှမ်းမှာ ပြသခဲ့ပြီး လူတစ်ဦးကို ၂၅ ဆင့်နဲ့ လက်မှတ်ရောင်းခဲ့ပါတယ် နာမည်အကြီးဆုံးအချိန်မှာ Mike ဟာ တစ်လကို ဒေါ်လာ ၄,၅၀၀ အထိ ဝင်ငွေရှာပေးနိုင်ခဲ့ပါတယ် နောက်ပြီး သူ့ကိုလည်း ဒေါ်လာ ၁၀,၀၀၀ အထိ အာမခံထားခဲ့ပါတယ်
ဒါပေမဲ့ ၁၉၄၇ ခုနှစ်၊ မတ်လမှာတော့ အိုအေစစ်ပြည်နယ်၊ ဖီးနစ်မြို့က ဟိုတယ်တစ်ခုမှာ နားနေတုန်း ကြက်ဖကြီး Mike ဟာ သူ့ရဲ့ လည်ချောင်းထဲမှာ ပိတ်မိနေတဲ့ အကျိအချွဲတွေကြောင့် အသက်ရှူကျပ်ပြီး ေxသဆုံးခဲ့ပါတယ် သူ့ကိုကယ်ဖို့ အသုံးပြုတဲ့ ဆေးထိုးပိုက်ဟာ အရင်ပြပွဲမှာ မေ့ကျန်ခဲ့တာကြောင့် အချိန်မမှီလိုက်ပါဘူး
Mike ခေါင်းပြxတ်ကြက်ဟာ အံ့ဩစရာကောင်းတဲ့ အသက်ရှင်မှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဖရူတာမှာလည်း "Mike the Headless Chicken Festival" ဆိုပြီး နှစ်စဉ်ပွဲတော်ကိုကျင်းပနေဆဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts